လွိုင်လင်မြို့နယ်တွင် TOYATA ALPHARD ကားပေါ်မှ ငွေကျပ်သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
သန့်ဇင်(NSS) - ဩဂုတ် ၃၀
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်တွင် TOYATA ALPHARD ကားပေါ်မှ ငွေကျပ်သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ် ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၆ရက်၊ ည ၈နာရီ ၅မိနစ်အချိန်တွင် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ် သည်။
ထိုသို့ စစ်ဆေးရှာဖွေစဉ် နောင်မင်းအေး(၂၆)နှစ် မောင်းနှင်လာပြီး တင်မောင်ထွန်း(၅၅)နှစ်နှင့် မနှင်းနှင်းဝေ(၃၀)နှစ်တို့လိုက်ပါလာသည့် TOYOTA ALPHARD ကားပေါ်မှ ငွေကျပ်သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၈)သိန်းနှင့် လက်ကိုင်ဖုန်း(၃)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၉နာရီခွဲအချိန်တွင် သိမ်းဆည်းရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်ခိုင်းသူ သန်းနိုင်(၅၅)နှစ်နှင့် မမြမြသီ(၅၅)နှစ်တို့အား တပ်ကုန်းမြို့၊ ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်တွင် TOYOTA KLUGER ကားတစ်စီး၊ လက်ကိုင်ဖုန်း(၃)လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၅)ဦးအား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်တွင် ဆီအရောင်းကားတစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးသစ်ပင်အားဝင်တိုက်မှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း