အင်းစိန်မြို့နယ်တွင် ဆီအရောင်းကားတစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးသစ်ပင်အားဝင်တိုက်မှုဖြစ်ပွား
သန့်ဇင်(NSS) - ဩဂုတ် ၃၀
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ဆီအရောင်းကားတစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးသစ်ပင်အားဝင်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၃၀ ရက်)၊ နေ့လည် ၁၂နာရီ ၂၀မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွာမအနောက်ရပ်ကွက်၊ မင်းစေတီမှတ်တိုင်နှင့်ဆရာတော်ကြီးမှတ်တိုင်ကြားတွင် ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကားက ရွှေပဲဆီသန့် ကကားပေါ့။ ကားက စလစ်ဖြစ်ပြီးဘရိတ်အုပ်လိုက်တာ။ ဘရိတ်ပေါက်ပြီးတော့ လမ်းဘေးသစ်ပင်ကို ဝင်တိုက်တာ” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ကားပေါ်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး(၂)ဦးလိုက်ပါလာခဲ့ပြီး အသက်(၃၇)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းတစ်ဦးပဲထိတာပါ။ စာရေးမလေး(၂)ယောက်က လွတ်တယ်ဗျ။ ယာဉ်မောင်းတစ်ဦးပဲ ကားနဲ့ခြေထောက်ညပ်သွားတာပေါ့။ စိုရိမ်ရတဲ့ဒဏ်ရာတော့မရှိပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းအမျိုးသားအား တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဘွန်နိုင်ငံတွင် ရွေးကောက်ပွဲရလဒ်များထွက်ပေါ်ပြီးနောက် စစ်အာဏာသိမ်းမှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း