မဟာမြိုင်တောရကျောင်းသို့ PDF များက ကုန်တင်ကား(၂)စီးဖြင့် လာရောက်ကာ ဆွမ်းဆန် နှင့် စားနပ် ရိက္ခာများကိုလုယက်ခဲ့ဟု နစကပြော
NSS - သြဂုတ် ၂၉
မဟာမြိုင်တောရကျောင်းသို့ PDF များက ကုန်တင်ကား(၂)စီးဖြင့် လာရောက်ကာ ဆွမ်းဆန် နှင့် စားနပ် ရိက္ခာများကို လုယက်ယူဆောင်သွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(သြဂုတ် ၂၉ ရက်)တွင် မီဒီယာများကို အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ယမန်နေ့(သြဂုတ်လ ၂၈ ရက်)၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ကလေးဝမြို့နယ်၊ သစ္စာပန်းတောင်းကျေးရွာအနီးရှိ မဟာမြိုင်တောရကျောင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများသည် (၁၀)ဘီးကုန်တင်ကားနှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း နစကမှ ပြောသည်။
ထို့နောက် ၎င်းတို့သည် သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်များအတွက် စုဆောင်းထားသည့် ဆွမ်း ဆန်၊ ဆီ၊ စားနပ် ရိက္ခာများကို လုယက်ယူဆောင်သွားကြောင်း သိရှိရသည်ဟု နစကမှ မီဒီယာများကို အသိပေးထားသည်။
ထို့ပြင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာအချို့၌ မဟာမြိုင်တောရကျောင်းတွင် သဲဖြူဆရာတော်ကြီးက ရွှေတိဂုံ ပုံတူစေတီတော်တည်ထားကိုးကွယ်ရန် ရည်ရွယ်ထားသော အလှူငွေကျပ်သိန်း နှစ်သောင်းကျော်ကို KIA နှင့် PDF အဖွဲ့က လုယက်ယူဆောင်သွားခဲ့သည်ဟု ရေးသားဖော်ပြလျက်ရှိနေသည်။
၎င်းအပြင် မဟာမြိုင်တောရကျောင်းမှ သီလရှင်တစ်ပါးသည်လည်း မုဒိမ်းကျင့်ခံခဲ့ရသကဲ့သို့ အခြားသီလရှင်နှစ်ပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ရေးသားဖော်ပြလျက်ရှိနေသည်။
ပြည်တွင်းမီဒီယာအချို့မှ ဖော်ပြနေသည့် မဟာမြိုင်တောရကျောင်းဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များကို NSS အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသကဲ့သို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ဖြေကြားရာတွင်လည်း ၎င်းအချက်အလက်များ ပါဝင်လာခြင်းမရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၂၉ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း