အိန္ဒိယနိုင်ငံရှိ တိုက်ခန်းတစ်ခုတွင် ကျင်းပသောမင်္ဂလာဆောင်ပွဲအတွင်း မီးလောင်မှုကြောင့် အနည်းဆုံး လူ(၁၄)ဦး သေဆုံး
Pika (NP News) - ဖေဖော်ဝါရီ ၁
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ Jharkhand ပြည်နယ်ရှိ တိုက်ခန်းတစ်ခုတွင် ကျင်းပနေသော မင်္ဂလာပွဲအတွင်း ဇန်နဝါရီ (၃၁) ရက်က မီးလောင်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကလေး(၃)ဦး အပါအဝင် အနည်းဆုံး လူ(၁၄)ဦး သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မီးလောင်မှုသည် Dhanbad မြို့ Ashirwad Tower (၁၃)ထပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ(၁၂)ဦးသည် မီးလောင် ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း အနည်းဆုံး လူ(၁၈)ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။ ယင်းအဆောက်အဦးတွင် အခြားလူများ ထပ်မံပိတ်မိနေခြင်း ရှိ/မရှိ ဆိုသည့်အချက်ကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။
မီးလောင်မှုများဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။ ရဲမှူးချုပ်ဆန်ဂျီဖ်ကူမာ က "မီးလောင်မှုကြောင့် အနည်းဆုံးလူ(၁၄)ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်၊၊ မင်္ဂလာပွဲတက်ဖို့ လူတော်တော်များများက တိုက်ခန်းထဲမှာ စုဝေးနေခဲ့ကြတာပါ၊၊ မီးလောင်မှု ဖြစ်ပွားရတဲ့အကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး၊၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပဲ အဓိကထား အာရုံစိုက်လုပ်ဆောင်နေပါတယ်၊၊ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံကို ပို့ဆောင်ပြီးပါပြီ" ဟု ပြောဆိုခဲ့သည်။
မီးလောင်မှုများဖြစ်ပွားပြီးနောက် ဒါဇင်နှင့်ချီသော မီးသတ်သမားများသည် မီးငြိမ်းသတ်ရန်အတွက် ကြိုးပမ်းခဲ့ကြ ပြီး အချိန် နှစ်နှာရီနီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုများဖြစ်ပွားချိန်တွင် တိုက်ခန်းရှိ အချို့လူများ သည် ပြတင်းပေါက်များမှ ခုန်ချရန် ကြိုးစားခဲ့ကြကြောင်းလည်း သိရသည်။
မီးလောင်မှုကြောင့် သေဆုံးသူများအတွက် ဝမ်းနည်းမိကြောင်း သေဆုံးသူများ၏ မိသားစုတစ်စုချင်းအတွက် နစ်နာကြေးအဖြစ် ရူပီး(၂)သိန်း နှင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးချင်းစီကို ရူပီး(၅)သောင်းစီ ပေးအပ်သွားမည်ဖြစ် ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီ က "မီးလောင်မှုကြောင့် သေဆုံးသွား တဲ့သူတွေအတွက် တကယ်ကို ဝမ်းနည်းမိပါတယ်၊၊ ထိခိုက်ဒဏ်ရာရရှိသူတွေ အမြန်ဆုံးပြန်ကောင်းလာနိုင်ဖို့ ဆုတောင်းပေးပါတယ်" ဟု တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးတစ်ဦးကို စေလွှတ်မည်ဟု သမ္မတဝီဒိုဒို ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း