တက္ကစီယာဉ်မောင်းကို လူ(၂)ဦးက ဓားဖြင့်ထိုးသတ်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်လုယက်မှု ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၂၆
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တက္ကစီယာဉ်မောင်းအမျိုးသားအား လူနှစ်ယောက်မှ ဓားဖြင့်ထိုးသတ်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၆ ရက်)၊ မွန်းလွဲ ၁၂နာရီခွဲဝန်းကျင်အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ ကျွန်းရွှေဝါလမ်း၊ မြသီတာပန်းခြံရှေ့တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တက္ကစီသမားက အသက်ကတော့ (၆၀)ဝန်းကျင်လောက်တော့ရှိတယ်။ ကျွန်တော်တို့ရောက်တော့ ကားပေါ်မှာ ပိုက်ဆံအိတ်တို့ ဖုန်းတို့ဘာမှမရှိတော့ဘူးဗျ”ဟု ရွှေသန်လျင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် အသက်(၆၀)ဝန်းကျင် တက္ကစီယာဉ်မောင်း၏ ညာဘက်နံကြားတွင် ဓားဒဏ်ရာတစ်ချက်ရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအား သင်္ဃကန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူများအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို သမ္မတပူတင် လူကိုယ်တိုင်တက်ရောက်မည်မဟုတ်ကြောင်း ရုရှားအစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း