မြဝတီခရိုင်ပြည်သူ့ဆေးရုံအား PDF အဖွဲ့က Drone ဖြင့် ဗုံး(၂)လုံး ပစ်ချတိုက်ခိုက်
NSS - ဩဂုတ် ၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံအား PDF အဖွဲ့က Drone ဖြင့် ဗုံး(၂)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထာသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဩဂုတ်လ ၂၂ ရက် ည ၈ နာရီအချိန်တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြဝတီခရိုင် ပြည်သူ့ဆေးရုံးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဆေးရုံအား PDF အဖွဲ့က Droneဖြင့် ဗုံး(၂)လုံးအား အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ပစ်ချတိုက်ခိုက်မှုကြောင့် ဆေရုံဝန်းအတွင်းရှိ ရင်ခွဲရုံအဟောင်းအမိုးပေါ်နှင့် (၄)ခန်းတွဲ သန့်စင်ခန်း အမိုးပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းအဆောက်အဦး (၂)လုံး၏ အမိုးသွပ်များ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း ဆေးရုံအတွင်းသို့ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)၌ တာဝန်ထမ်းဆောင်ရန် ရာထူးနေရာ (၁၂ဝ)အတွက် အလုပ်လျှောက်လွှာ ခေါ်ယူနေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း