စာသင်ကျောင်းကို PDF အဖွဲ့မှ Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဒီပဲယင်းမြို့၌ဖြစ်ပွား
NSS - ဩဂုတ် ၂၃
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ ကျောင်းသား၊ ကျောင်းသူ (၃၄၃)ဦး ပညာသင်ယူနေသည့် အခြေခံပညာအထက်တန်းကျောင်းကို PDF အဖွဲ့မှ Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်၊ ညနေ ၃နာရီခွဲအချိန်တွင် ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်းအား PDF အဖွဲ့မှ အကြောင်းမဲ့ Drone ဖြင့် ဗုံးတစ်လုံးပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းဝန်းအတွင်းရှိ "ပညာရတနာ"ကျောင်းဆောင်အနီးရှိ လက်ပံပင်အား ထိမှန်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ပညာရတနာကျောင်းဆောင်အပေါ်ထပ် (Grade-10) တွင် စာသင်ယူနေသည့် မောင်အေးမင်းခန့်ကျော် (၁၅)နှစ်၏ နဖူးတွင် ဗုံးစထိမှန်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
၎င်း အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ(၃၆)ဦးက ကျောင်းသား၊ ကျောင်းသူ(၃၄၃)ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ အမေရိကန်ထုတ် speedboat လှေကို ရုရှားတိုက်လေယာဉ်တွေ တိုက်ခိုက်ဖျက်ဆီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း