မုံရွာမြို့ရှိ က.ည.န တိုင်းဒေသကြီးဦးစီးမှူးရုံးအား ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုဖြစ်ပွား
NP News - ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအား PDF များက Drone ဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်သည် ဇန်နဝါရီလ ၂၃ ရက် ၊ နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင်ဖြစ်ပွားခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နတ်လူထိပ္ပန်ရပ်ကွက်ရှိ ကုန်း လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအား PDF များက Drone ဖြင့် Drop Bome တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ Drop Bome မှာ အဆိုပါရုံးဝင်းအတွင်း နားနေဆောင်အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် ရုံးအတွင်း ရောက်ရှိနေသည့် ဦးဇော်လွင် (၅၅)နှစ်တွင် ဝဲလက်မောင်း ဗုံးစထိမှန်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် မုံရွာမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်း သိရသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ ရွှေမြစန္ဒီဂေါက်ကွင်းအနီးတွင် ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဂေါက်ကွင်းခြံစည်းရိုးသံဇကာ ၁ဝ ပေခန့်မိုင်းစထိမှန်ပျက်စီးသွားခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် ရုံးအတွင်း ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ တရုတ်နိုင်ငံမှာ ၂ဝ၂ဝ ခုနှစ်က စတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိကမ္ဘာ့ကပ်ရောဂါအဖြစ်ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။
zawgyi version
NP News - ဇန်နဝါရီ ၂၅
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Breaking News: ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးလာသည့်ကားတစ်စီး ၄ဝ(မမ)လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း