ပေါင်စတာလင်ကို ဝုန်းကနဲ့ ပြိုကျအောင် ဖြိုလှဲပြီး အမြတ်ထုတ်ခဲ့သူ (ဘာသာပြန်ဆောင်းပါး)
မောင်တင်ထွန်း (နတ်မောက်) (NSS) - ဩဂုတ် ၂၁
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ဥရောပတိုက်မှာ ယူရိုဆိုတဲ့ ဘုံငွေကြေးတစ်ရပ်မပေါ်ပေါက်ခင်မှာ အနောက်ဥရောပနိုင်ငံများရဲ့ ငွေကြေးတွေအကြားမှာ ERM – Exchange Rate Mechanism ဆိုတဲ့ အပြန်အလှန် လဲလှယ်နှုန်းပုံသေသတ်မှတ်တဲ့ စနစ်နဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာ ဥရောပနိုင်ငံတွေက ကမ္ဘာစစ်လို အဖျက်အဆီးမျိုးထပ်မံမပေါ်ပေါက် ရလေအောင် ကာကွယ်ဖို့ဆိုရင် အချင်းချင်းချည်နှောင်ထားပြီး နီးနီးကပ်ကပ် ပူးပေါင်းထားတဲ့ ပြည်ထောင်စုတစ်ခု ဖွဲ့စည်းခြင်းကသာ တစ်ခုတည်းသောနည်းလမ်းလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စဉ်းစားကြတာက ဥရောပစီးပွားရေးဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်အမှီသဟဲပြုနေကြမယ်ဆိုရင် နောက်ထပ်စစ်ပွဲတစ်ခုဖြစ်ပေါ်လာဖို့ မလွယ်ဘူးဆိုတဲ့ အိုင်ဒီယာပါ။ အန္တိမ ရည်မှန်းချက်ကတော့ ယူရိုငွေကြေးဆိုတာကို ဖန်တီးဖို့ပါ။ ဒါပေမယ့် အဲဒီတစ်ခုတည်းသော ဘုံငွေကြေးကို ၁၉၉၉ ခုနှစ်မှာ မစတင်မီ သူတို့နိုင်ငံအသီးသီးရဲ့ငွေကြေးတွေကို စီမံခန့်ခွဲဖို့ စနစ်တစ်ခုရှိခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာတုန်းက ဥရောပသမဂ္ဂဟာ သူတို့နိုင်ငံတွေရဲ့ ကိုယ်ပိုင်ငွေကြေးတွေကို စွန့်လွှတ်ဖို့ အဆင်သင့်မဖြစ်သေးပါ။ ဒါပေမယ့် သူတို့ရဲ့ငွေကြေးတွေကို ပုံသေသတ်မှတ်ထားတဲ့ နှုန်းတွေနဲ့ ချိတ်ဆက်ထားကြဖို့ သဘောတူထားကြပါတယ်။ ဒီလိုနည်းနဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံဖြတ်ကျော်စီးပွားရေးလုပ်ကြတဲ့အခါ ငွေလဲနှုန်းအတက်အကျဖြစ်မှုကို ထိထိရောက် ရောက်ရှောင်ရှားနိုင်ပါတယ်။ ဒီစနစ်ကို ငွေလဲလှယ်နှုန်း ယန္တယား (Exchange Rate Mechanism- ERM) လို့ခေါ်ပြီး စာရွက်ပေါ်မှာတော့ အလုပ်လုပ်ရတာအလွန့်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေအတွက်တော့ အလွန်အားနည်းတဲ့ ပျော့ကွက်ဖြစ်စေပါတယ်။ အားလုံးသိကြတဲ့အတိုင်းဘဲ နေ့စဉ်နေ့စဉ် သွင်းကုန်ထုတ်ကုန်တွေအတွက် ကြီးမားတဲ့ ငွေကြေးပမာဏ ကို ဝယ်ကြရောင်းကြ အသွင်းအထုတ်လုပ်ကြရတဲ့အခါ စျေးကွက်ထဲက တကယ့်ငွေလဲနှုန်းအပေါ် သိသာတဲ့ ရိုက်ခတ်မှုဖြစ်စေပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံဟာ ERM စနစ်ထဲမှာ ပါဝင်လာပြီဆိုရင် ဗဟိုဘဏ်ဟာစျေးကွက်ကို အဆက်မပြတ်စောင့်ကြည့်နေရပါတယ်။ တကယ်လို့ ငွေလဲနှုန်းက ပြင်ပနှုန်းနဲ့ သိပ်ပြီးကွာဟလာရင် ဝင်ရောက်စွက်ဖက်မှုလုပ်ရပါတယ်။ တကယ်လို့ ဝယ်ယူသူသိပ်များ လာရင် ဗဟိုဘဏ်ကဝင်ပြီး ရောင်းချပေးရပါတယ်။ တကယ်လို့ လူတွေက ရောင်းချမှု များလာရင် ဗဟိုဘဏ်က ဝင်ရောက်ပြီး ဝယ်ပေးရပါတယ်။ အသေးစိတ်အချက်အလက်တွေကိုဘေးဖယ်ထားပြီး ပြောရမယ်ဆိုရင် ERM စနစ်က ချို့ယွင်းချက်အပြစ်အနာအဆာရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတိုင်းက တမူစီထူးခြားချက်တွေရှိနေလို့ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ငွေကြေးက တခြားနိုင်ငံရဲ့ငွေကြေးနဲ့ သဘာဝကျတဲ့ နှုန်းထားနဲ့ ချိတ်ဆက်ထားတာ မဟုတ်ခဲ့ရင် ငွေကြေးဖေါင်းပွမှုနဲ့ စီးပွားရေးတိုးတက်မှု စတာတွေကို သူဘာမှမထိန်းချုပ်နိုင်ပါဘူး။ ဒါကြောင့် ဘဏ်တိုးနှုန်းကိုဘဲ အမြဲတန်းထိန်းညှိ ပေးနေရပါတယ်။
မာဂရက်သက်ချာက နားလည်ပေမယ့် အများက လက်မခံ
အဲဒီအချိန်က ယူကေရဲ့ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မာဂရက်သက်ချာက ဒါကိုကောင်း ကောင်းနားလည်ပါတယ်။ ဒါကြောင့်လည်း ERM ပထမ စတင်ခဲ့စဉ် ဗြိတိန်နိုင်ငံမပါဝင်ခဲ့တာက ဒီကိစ္စကို သူဆန့်ကျင်ခဲ့လို့ပါ။ ဒါပေမဲ့ ၁၉၈၀ ခုနှစ်တွေမှာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးအခြေအနေဆိုးရွားလာတဲ့အခါ သက်ချာရဲ့ ဥရောပသမဂ္ဂဆန့်ကျင်ရေး ဝါဒက ကွန်ဆာဗေးတစ်ပါတီထဲမှာ အခြေယိုင်လာပါတယ်။ ၁၉၉၀ ခုနှစ်အောက်တိုဘာလရောက်တော့ မာဂရက် သက်ချာရဲ့သြဇာအာဏာ အားနည်းဆုတ်ယုတ်လာတဲ့ အတွက် သူမက ဆန့်ကျင်နေပေမယ့် ဗြိတိန်ဟာ ERM စနစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ပါတော့တယ်။ အဲဒီအချိန်က ဘဏ္ဍာရေးဝန်ကြီး ဂျွန်မေဂျာရဲ့ ကြိုးပမ်းချက်ကြောင့်ပါ။ နောက်တစ်လမကြာခင်မှာ သက်ချာနှုတ်ထွက်သွားပါတယ်။ ဂျွန်မေဂျာက ERM စနစ်မှာပါဝင်နိုင်တာကို အောင်မြင်မှုတစ်ခုအဖြစ် ဝံ့ကြွားပြီး ဝန်ကြီးချုပ်ဖြစ်လာပါတယ်။
၁၉၉၀ ခုနှစ်နိုဝင်ဘာလဟာ ဂျွန်မေဂျာအတွက် နိုင်ငံရေးအရအောင်မြင်မှုစတင်ခဲ့တဲ့ အချိန်လို့ဆိုနှိုင်သလို ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး ပြဿနာတွေစတင်ခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။ ERM နဲ့ချိတ်ဆက်လိုက်တဲ့ အချိန်မှာဘဲ ဗြိတိန်ရဲ့ စီးပွားရေးက ကျဆင်းနေပါပြီ။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကျဆင်းပြီဆိုရင် ဗဟိုဘဏ် (ဒီနေရာမှာ အင်္ဂလန်ဘဏ် the Bank of England ) က စီးပွားရေးကိုထိန်းမတ်ဖို့ အတိုးနှုန်းတွေ လျှော့ချလိုပါတယ်။ ဒါပေမယ့် ERM အဖွဲ့ဝင်ဖြစ်တာကြောင့် ဒီလိုမလုပ်နိုင်ပါဘူး။ ဗြိတိသျှပေါင်ဟာ အစကတည်းက အလွန်အားနည်းတဲ့ငွေကြေးဖြစ်တာကြောင့် ယူကေရဲ့ ငွေကြေးဖေါင်းပွမှုဟာ ဂျာမနီထက် ၃ ဆမြင့်ပါတယ်။ တကယ်လို့ အင်္ဂလန်ဘဏ်က အတိုး နှုန်းတွေလျှော့ချပစ်မယ်ဆိုရင် ဗြိတိသျှစီးပွားရေးကို အထောက်အကူဖြစ်စေမှာပါ။ ဒါပေမယ့် အဲဒီလိုလုပ်တာက ပေါင်ရဲ့တန်ဖို့ကို အများကြီးချလိုက်သလိုဖြစ်မှာမို့ ERM ကနေထွက်ခွာရပါလိမ့်မယ်။ ဒါကို ဂျွန်မေဂျာက ဘယ်လိုမှခွင့်မပြုချင်ပါ။
ပေါင်ငွေတန်ဘိုး မကျအောင် ဗဟိုဘဏ်ကဝင်ရောက်ဝယ်ပေးခဲ့ရ
ဒီလိုနဲ့ ဘဏ်တိုးနှုန်းမြင့်မားနေတာကို မချနိုင်တဲ့အတွက် ၁၉၉၀ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်အကြားမှာ ဗြိတိသျှစီးပွားရေးဟာ ထိခိုက်ကျဆင်းလာပါတယ်။ ဒါကြောင့်ဗြိတိသျှပေါင်ငွေတန်ဖိုးကို ထိန်းထားနိုင်ဖို့ အတွက် ဒီနှစ် နှစ်အတွင်းမှာ အင်္ဂလန်ဘဏ်ဟာ စျေးကွက်ထဲကို မကြာခဏဝင်ရောက်ပြီး ပေါင်ငွေသန်းပေါင်းများစွာကို သူ့မှာရှိတဲ့ နိုင်ငံခြားအရန်ငွေတွေနဲ့ ဝယ်ယူပေးခဲ့ရပါတယ်။ ဒါပေမယ့် ပေါင်ငွေတန်ဖိုးက ဒီကာလအတွင်းမှာ ဆက်လက်ပြီး အားနည်းနေတာကြောင့် ပေါင်ငွေတန်ဖိုးကို ERM ကသတ်မှတ်ပေးထားတဲ့ (+/- 6%) ဘောင်အတွင်းရှိရုံလေးဘဲ တည်နေအောင်ထိန်းနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ငွေကြေးစျေးကစားသူတိုင်းလို လိုက ဗြိတိသျှပေါင်ဟာ တန်ဖိုးချရတော့မယ်ဆိုတာ နားလည်ကြပါတယ်။ ဒေါ်လာ ဘီလျံနဲ့ချီပြီး တန်ဖိုးကြီးတဲ့ ဒီပြဿနာဟာ ဖြစ်မဖြစ်ဆိုတာမဟုတ် တော့ဘဲ ဘယ်တော့လဲဆိုတဲ့ အချိန်ပြဿနာပါ။ ဒီအဖြေကို သိနေသူက ဂျော့ချ် ဆိုးရော့စ်ပါ။
သူက ၁၉၇၀ ခုနှစ်တွေကတည်းက ဟက်ဂျ် ဖန်း လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီတည်ထောင်ပြီး စီးပွား ရေးလုပ်နေခဲ့တာပါ။ သူ အဓိက အာရုံစိုက်တာက စျေးကွက်ရဲ့ အလားအလာတွေကို ကြိုတင်ခန့်မှန်းတွက်ဆ ရင်းနှီးမြှုပ်နှံတာနဲ့ တခါတရံမှာ စျေးကွက်ကို ကြီးကြီးမားမား သက်ရောက်စေမယ့် ဘေးကနေ ကူတွန်းချမဲ့ကိစ္စတွေကို တမင်လုပ်ဆောင်တာဖြစ်ပါတယ်။
ပေါင်ငွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ပြီ
ဗြိတိသျှပေါင် တန်ဖိုးလျော့ကျသွားဖို့ အချက်အလက်တွေက အားလုံးအဆင်သင့်ဖြစ်နေပြီဆိုတာရယ်၊ သတင်းဆိုးတစ်ခုခုထွက်ပေါ်လာတာနဲ့ အင်္ဂလန်ဘဏ်ကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ မောင်းပြုတ်တော့မယ်ဆိုတာ သူကောင်းကောင်းသိနေပါတယ်။
၁၉၉၂ ခုနှစ် သြဂုတ်လထဲမှာ ဆိုးရော့စ်နဲ့ သူ့ရဲ့ ရန်ပုံငွေကုမ္ပဏီက ပေါင်ကို ထိုးနှက်ဖို့ စတင်မောင်းဆင်ပါ တော့တယ်။ သူက ဘဏ်ကြီးတစ်ခု ဒါမှမဟုတ် တခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုဆီကို သွားပြီး အတိုးနှုန်းတစ်ခု နဲ့ ပေါင်ငွေတွေကို ချေးယူပါတယ်။ ချေးယူရရှိလာတဲ့ ပေါင်ငွေတွေကို စျေးကွက်ထဲကပေါက်စျေးနဲ့ ဂျာမန် မတ်ငွေကိုဝယ်ယူပါတယ်။ တကယ်လို့ မကြာခင် ပေါင်ငွေတန်ဖိုးကျဆင်းသွားရင် သူဝယ်ထားတဲ့ ဂျာမန် မတ်ငွေကို ပေါင်နဲ့ ပြန်လဲပြီး ချေးငွေနဲ့အတိုးကို ပြန်ဆပ်လိုက်ခြင်းအားဖြင့် ငွေလဲနှုန်းအကြား ခြားနားချက် အမြတ်ကို သူရ ဖို့ရည်ရွယ်တာပါဘဲ။ ဒါကြောင့် ၉၂ ခုနှစ် သြဂုတ်လကုန်မှာ ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိတဲ့ ပေါင်ငွေတွေကို ချေးယူ ထားလိုက်ပါပြီ။ ဒါပေမယ့် ငွေလဲနှုန်းက သိပ်အပြောင်းအလဲမရှိဘဲ၊ လှုပ်ရှားမှုရှိတယ်ဆိုရုံသာဖြစ်ပါတယ်။
သူမျှော်မှန်းထားတဲ့အတိုင်း ပေါင်ငွေဝရုန်းသုန်းကားဖြစ်စေဖို့အတွက် သတင်းတချို့လိုအပ်နေပါတယ်။ ကံကောင်းထောက်မစွာဘဲ စက်တင်ဘာလ ၁၆ ရက်မှာ ဂျာမန်ဗဟိုဘဏ် Bundesbank ရဲ့ ဥက္ကဋ္ဌဖြစ်သူက သဘောရိုးနဲ့ ဖြစ်ပုံရတဲ့ အင်တာဗျူးတစ်ခုကိုဖြေခဲ့ပါတယ်။ “ တချို့ငွေကြေးတွေက ဖိအားပေးခံရနိုင်တဲ့အခြေအနေရှိနေတာကို သူမကာကွယ်နိုင်ပါဘူး”ဆိုတဲ့ တိတိကျကျမရှိ၊ မရေရာလှတဲ့ ပြောဆိုချက်တစ်ခုကိုပြုလုပ်ခဲ့တာ ပါ။ ဒါပေမယ့် ဆိုးရော့စ်က ဒီကိစ္စဟာ သူ့အတွက် ချက်ကောင်းဘဲလို့မြင်ပါတယ်။ အဲဒီညမှာဘဲ၊ ဥရောပ တိုက်က အိပ်မောကျနေစဉ်မှာ ဆိုးရော့စ်က ဗြိတိသျှပေါင်ငွေ လက်ထဲကိုင်ထားတဲ့ နိုင်ငံတကာဘဏ် ဒါမှမဟုတ် ကုမ္ပဏီ ဒါမှမဟုတ် တစ်စုံတစ်ယောက်ဆီကို ဖုန်းဆက်ပြီး ပေါင်ငွေတွေအမြောက်အများကို အောင်အောင်မြင်မြင် ချေးယူခဲ့ပါတယ်။
မောင်းဖြုတ်လိုက်ပြီ
ဗြိတိသျှတွေ အိပ်ယာကနိုးလာချိန်မှာတော့ ဆိုးရော့စ်က သူ့လက်ထဲက ဒေါ်လာ (၁၀) ဘီလျံတန်ဖိုးရှိတဲ့ ပေါင်ငွေ အများအပြားကို စျေးကွက်ထဲမှာ ထိုးရောင်းချလိုက်ပါတယ်။ မျှော်လင့်မထားတဲ့ကိစ္စဖြစ်လို့ အင်္ဂလန်ဘဏ်ဟာ ဝရုန်းသုန်းကားဖြစ်သွားပါတော့တယ်။ အဲဒီနေ့ ဝန်ကြီးချုပ်ဂျွန်မေဂျာနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ဘဏ္ဍာရေးဝန်ကြီးဟာ ကြံမိကြံရာ ဂမူးရှူးထိုးလုပ်ပါတော့တယ်။
စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်မှာ ဘဏ္ဍာရေးဝန်ကြီးက စျေးကွက်ထဲကနေ ပေါင်ငွေ တစ်ဘီလျံကိုဝယ်ယူဖို့ ခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် သက်ရောက်မှုမရှိပါဘူး။ ဒါကြောင့် နံနက် ၉ နာရီမှာ နောက်ထပ် နှစ်ဘီလျံပေါင်ကိုထပ်မံဝယ်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူက ဂျွန်မေဂျာဆီကို ဖုန်းဆက်ပြီး ဘဏ်တိုးနှုန်းတွေ မြှင့်တင်ပေးနိုင်ဖို့ ခွင့်ပြုချက်တောင်းခံပါတယ်။ အစပိုင်းမှာ ဂျွန်မေဂျာက ဒါကို ခွင့်မပြုပါဘူး။ ဒီလိုလုပ်တာက နိုင်ငံရေးအရ ကိုယ့်ကိုကိုယ်သေကြောင်းကြံသလိုဖြစ်လိမ့်မယ်လို့ သူကယူဆပါတယ်။ ဒါပေမယ့် ဆိုးရော့စ်နဲ့ စျေးကွက်ထဲက စျေးကစားသူတွေက ပေါင်ငွေတွေကို ဆက်လက်ရောင်းချနေပါတယ်။ နံနက် ၁၁ နာ ရီထိုးမှာတော့ ဂျွန်မေဂျာက လက်မြှောက်အရှုံးပေးလိုက်ပြီး ဘဏ်တိုးနှုန်းကို (၁၀ % မှ ၁၂ % သို့) ၂ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ရုတ်တရက်ကြေညာလိုက်ရပါတော့တယ်။ ဒီတိုးမြှင့်မှုက အတော်ကြီးပါတယ်။ အဲဒီနေ့ရဲ့ နောက်ဆုံးအချိန်တွေမှာတော့ ဗြိတိန်က စုစုပေါင်း ၂၇ ဘီလျံပေါင်ဝယ်လိုက်ရပြီး အတိုးနှုန်းကို နောက်ထပ်တကြိမ် ၁၅ % အထိ တိုးမြှင့်လိုက်ရပါတယ်။ ဆိုးရော့စ်တစ်ဦးတည်းက ပေါင်ငွေအားလုံးရဲ့ တဝက်လောက်ရောင်းချလိုက်တာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့နောက်ကလိုက်လုပ်ကြတာပါ။
ည ၇ နာရီခွဲအချိန်မှာတော့ ဗြိတိသျှအစိုးရဟာ အောက်မှာဖေါ်ပြထားတဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုလုပ်ပြီး အရှုံးကိုလက်ခံလိုက်ရပါတော့တယ်။
လန်ဒန်ဘဏ္ဍာရေးစျေးကွက်ရဲ့ ထူးခြားတဲ့နေ့တစ်နေ့ဟာ ဘဏ္ဍာရေးဝန်ကြီးရဲ့ ERM စနစ်ထဲမှာ ပေါင်ငွေကြေးပါဝင်မှု ဆိုင်းငံ့ကြောင်းကြေညာချက်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ မနက်ပိုင်းက ကြေညာခဲ့တဲ့ နှစ်ကြိမ်တိတိ တိုးပေးခဲ့တဲ့ ဘဏ်တိုးနှုန်းကိုလည်း ဖျက်သိမ်းလိုက်ပါတော့တယ်။
“ဒီနေ့ကတော့တကယ့်ကိုခက်ခဲပြီး ဝရုန်းသုန်းကား ထိန်းမနိုင်သိမ်းမနိုင်တဲ့ နေ့တစ်နေ့ပါ။ ကြီးမားတဲ့ ငွေကြေး စျေးကစားမှုတွေက ERM ရဲ့ ပုံမှန်အလုပ်လုပ်ကိုင်မှုကို အနှောက်အယှက်ပေးခဲ့ ပါတယ်။ ဥရောပ ဘဏ္ဍာရေးဝန်ကြီးများကောင်စီရဲ့ ဥက္ကဋ္ဌအနေနဲ့ ကျွန်တော်ဟာ ဘရပ်ဆဲလ်မှာ ငွေကြေးကော်မတီ အစည်းအဝေးကို ဒီညမှာ ချက်ခြင်းခေါ်ယူခဲ့ပြီး၊ နိုင်ငံခြားငွေလဲလှယ်ရေးစျေးကွက် ပြန်လည်တည်ငြိမ်လာအောင်ဘယ်လိုလုပ်ကြမလဲ ဆိုတာစဉ်းစားခဲ့ကြပါတယ်။ ဒီလိုကာလမှာ၊ အစိုးရအနေနဲ့ ERM အဖွဲ့ဝင်ဖြစ်မှုကို ရပ်ဆိုင်းထားတာက ဗြိတိန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဆောင်ရွက်တာဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ ဘဏ္ဍာရေး ဝန်ကြီးက ကြေညာသွားပါတယ်။
ဂျော့ဆိုးရော့စ်တို့ အမြတ်ငွေ ပိုက်ပြီးထွက်သွားချိန်
နောက်ရက်တွေမှာတော့ နိုင်ငံခြားငွေလဲလှယ်ရေးစျေးကွက်ဟာ ကိုယ့်လမ်းကိုလျှောက်ကြပြီး၊ ဗြိတိသျှ ပေါင်ငွေဟာ ဂျာမန်မတ်နဲ့ယှဉ်ရင် ၁၅ % ၊ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၂၅ % အသီးသီးစျေးကျ သွားပါတယ်။ ဆိုးရော့စ်နဲ့ သူ့ရဲ့ရန်ပုံငွေအဖွဲ့က တစ်ဘီလျံဒေါ်လာဖိုးလောက် သပိတ်ဝင်အိတ်ဝင်မြတ်စွန်းခဲ့ပြီး ဗြိတိသျှ အခွန်ထမ်းတွေအနေနဲ့က ခန့်မှန်းခြေအားဖြင့် ၃.၃ ဘီလျံပေါင်နစ်နာသွားပါတယ်။
အမှန်တကယ်ဖြစ်လာတာတွေ
ဒီကိစ္စမှာ ရယ်စရာဖြစ်ရတာတစ်ခုက ခေါ်ဆိုလေ့ရှိတဲ့ အဲဒီ (Black Wednesday) မှောင်မိုက်တဲ့ ဗုဒ္ဓဟူးနေ့ ကျော်လွန်သွားပြီးတဲ့နောက်ပိုင်း အင်္ဂလန်ဘဏ်ကလည်း ပေါင်ငွေအပေါ်ထိန်းချုပ်မှု မလုပ်တော့တဲ့အခါ၊ နောက်နှစ်အတော်ကြာမှာ အတိုးနှုန်းကိုလည်း ဖြည်းဖြည်းချင်း လျှော့ချ ( ၁၀ % မှ ၆ % အထိ) လိုက်တော့ ဗြိတိသျှစီးပွားရေးဟာလည်း တဖြည်းဖြည်းပြန်လည် တိုးတက်လာပါတယ်။ ၁၉၉၇ ခုနှစ်ရောက်တဲ့အခါ ဗြိတိသျှပေါင်ရဲ့တန်ဖိုးက ERM အဖွဲ့ဝင်ဖြစ်စဉ်ကာလကထက် ပိုပြီးတန်ဖိုး တက်လာပါတယ်။ ယူကေနိုင်ငံကလည်း ၁၆ နှစ်မြောက် ဆက်တိုက်စီးပွားရေးတိုးတက်မှုရလာခဲ့ပါတယ်။ ဒါကြောင့်တချို့ကလည်း အဲဒီ ဗုဒ္ဓဟူးနေ့ကို (Black Wednesday) မှောင်မိုက်တဲ့ ဗုဒ္ဓဟူးနေ့ မဟုတ်ဘူး။ White Wednesday အဖြူရောင် ဗုဒ္ဓဟူးနေ့ လို့ ခေါ်ကြပါတယ်။
ဒါကြောင့် ဆိုးရော့စ်ဟာ ဗြိတိန်နိုင်ငံသား ကလေးလူကြီးအားလုံးအပေါ်က တစ်ယောက်ကို ၁၅ ဒေါ်လာ နှုန်းလောက် ရိတ်သွားခဲ့ပေမယ့် အမှန်တကယ်ဖြစ်လာတာက ဗြိတိန်နိုင်ငံကို ရေကူးတတ်အောင် ရေကန်ထဲ ရုတ်တရက် ကန်ချလိုက်သူလို ကျေးဇူးတင်ရမယ့်ပုံဖြစ်နေပါတော့တယ်။
How Soros Made A Billion Dollars And Almost Broke Britain ကိုဆီလျော်အောင် ဘာသာပြန်သည်။
9:42
So in the end, Soros might’ve actually done the British a favor, even though he pocketed
9:47
about $15 for every man, woman and child in Great Britain.
9:51
Now, if you enjoy learning about financial markets then you’ll be happy to know that
9:56
I have two animated courses on Skillshare about how the stock market works.
10:01
The first one is a 20-minute general introduction, whereas the second one is a 40-minute exploration
10:06
that dives deeper into how stocks actually work and how you can value them.
10:11
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမည်ဟု နစကကြေညာ
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ