ကုန်တင်ရထားတိမ်းမှောက်မှုကြောင့် ရပ်နားထားသော ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ယနေ့ ပုံမှန်ပြန်လည် ပြေးဆွဲ
NSS - ဩဂုတ် ၂ဝ
ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်တင်နာရထားတစ်စင်း ဩဂုတ်လ ၁၈ ရက်၌ မိုင်းဆွဲခံရကာတိမ်းမှောက်မှုကြောင့် ရန်ကုန်-မန္တလေး မီးရထားခရီးစဉ်များကို ခေတ္တရပ်နားထားခဲ့ရာ လက်ရှိမှာ ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
"ရထားလမ်းပိုင်းတွေ ပျက်စီးသွားတာပြုပြင်ဖို့အတွက် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို ခေတ္တယာယီ ပိတ်လိုက်တာပါ။ ဒီနေ့မှာ ပုံမှန်ပြန်လည်ပြေးဆွဲနေပါပြီ" ဟု မြန်မာ့မီးရထားမှ တိုင်းမန်နေဂျာတစ်ဦး က ပြောသည်။
ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက မန္တလေးမှ ရန်ကုန်သို့ပြေးဆွဲလာသော ကုန်ရထားတစ်စင်းဟာ ပဲခူးတိုင်း၊ တောကျွဲအင်းနှင့် ကညွတ်ကွင်းအကြားတွင် မိုင်းမိ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး စက်ခေါင်း (၂)ခေါင်း၊ နားနေတွဲ(၁) တွဲနှင့် ကုန်တွဲ(၆)တွဲတို့သည် လမ်း၏ ညာဘက်သို့ လမ်းချော်ခြင်း၊ ရထားသံလမ်း ၁၅ဝ ပေခန့် တွန့်လိမ်ပျက်စီးခြင်းနှင့် ဇလီဖားတုံးများ ကျိုးပဲ့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာ နှင့် ပဲနွယ်ကုန်း ဘူတာအကြားတွင် ရထားလမ်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနှစ် မိုးဦးရာသီတွင် ပဲတီစိမ်း လျာထားစိုက်ဧက ၅၉၂၁၁ ဧက သတ်မှတ်ထား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း