Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်ရှိ City Taxi များ၏ သင်္ကေတအမှတ်အသားနံပါတ်များပြောင်းလဲပြင်ဆင်မည်

ရဲပြည့် (NP News) - ဇန်နဝါရီ ၂၅

ရန်ကုန်ရှိ City Taxi များ၏ဘေးစတေကာနံပါတ်များအား မြို့နယ်အလိုက် အခြေခံသတ်မှတ်ထားသည့် သင်္ကေတအမှတ်အသားနံပါတ်များဖြင့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ပြောင်းလဲပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှ သိရသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အပေါ်အခြေခံ၍ City Taxi ယာဉ်၏ ဘေးစတေကာနံပါတ်များအား E၊ W၊ S၊ N သင်္ကေတများဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ ၁၄ ခရိုင်သို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ခြင်းကြောင့် မော်တော်ယာဉ်နံပါတ်များအား မြို့နယ်အလိုက် သင်္ကေတအမှတ်အသားများ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

“City Taxi ဘေးစတေကာနံပါတ်တွေကို ပြောင်းလဲသတ်မှတ်ရာမှာ တိုက်ကြီးမြို့နယ်ဆိုရင် သင်္ကေတအမှတ်အသားနံပါတ်ဝမ်း၊ City Taxi YGN-1/0001 ဖြစ်ပါတယ်။ ထန်းတပင်မြို့နယ်ဆိုရင် သင်္ကေတအမှတ်အသားနံပါတ်တူး၊ မင်္ဂလာဒုံမြို့နယ်ဆိုရင် သင်္ကေတအမှတ် အသားနံပါတ်သရီး။ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၅ မြို့နယ်ရှိတဲ့အတွက် မြို့နယ်တစ်ခုချင်းအလိုက် ဒီလိုနံပါတ်တွေပေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

City Taxi မှတ်ပုံတင်ရာတွင် ယခင်က ရပ်ကွက်ထောက်ခံစာ၊ သန်းခေါင်စာရင်း၊ စာချုပ်များ ပြသရသော်လည်း ယခုအခါ အဆိုပါစာရွက်စာတမ်းများမလိုအပ်တော့ ဘဲ ယာဉ်မှတ်ပုံတင်စာအုပ်တွင်ရှိသည့် နောက်ဆုံးအမည်ပေါက်၊ သက်တမ်းတိုးပြီး အထောက်အထား၊ လုပ်ငန်းလိုင်စင်အပိုင်း(၁) နှင့် (၂)၊ ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းသူများ၏မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်းလိုင်စင်“ဃ”နှင့် “င” တို့သာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

City Taxi ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ကကောက်ခံသည့်နှုန်းများနှင့် ဒဏ်ကြေးများကောက်ခံမည်မဟုတ်တော့ဘဲ မှတ်ပုံတင်ခအနေဖြင့် ၃ဝဝဝကျပ်၊ ယာဉ်မောင်းလိုင်စင်ခ ၆ဝဝ ကျပ်၊ ယာဉ်မောင်း လိုင်စင်ကတ်စနစ် ၃၅ဝဝ ကျပ် နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂ဝဝ ကျပ် စုစုပေါင်း ၈၃ဝဝ ကျပ်ကျသင့်မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် City Taxi ယာဉ်အစီးရေ (၆ဝဝဝဝ) ကျော်ရှိကြောင်း သိရသည်။


zawgyi version








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သဘာဝအတိုင်းမဟုတ်ဘဲ လူလုပ်ကပ်ရောဂါ ထပ်မံဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ဘီလျံနာ ဘီလ်ဂိတ် သတိပေး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved