အိတ်စ်ပို့ကြက်သွန်နီအပေါ် အခွန် ၄ဝ ရာခိုင်နှုန်း စည်းကြပ်မှု ချက်ချင်းအကျိုးသက်ရောက်စေမည်ဟု နယူးဒေလီ ပြဌာန်း
Htay Oung (NSS) - သြဂုတ် ၂ဝ
ပြည်တွင်းဟင်းသီးဟင်းရွက်ရရှိနိုင်မှု တိုးတက်ကောင်းမွန်လာစေဖို့အတွက် ဒီဇင်ဘာ ၃၁ ရက်အထိ ကြက်သွန်နီ အပေါ် ပြည်ပတင်ပို့ခွန် ၄ဝ ရာခိုင်နှုန်း စည်းကြပ်မှုကို ချက်ချင်းအကျိုးသက်ရောက်စေရန် ပြဌာန်းမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ပြန်တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။
အိန္ဒိယနိုင်ငံရဲ့စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) လို့ခေါ်တဲ့ လက်လီကုန်စျေးနှုန်းမြင့်တက်မှုဟာ ၄.၈၇ ရာခိုင်နှုန်း ရှိရာမှ ဇူလိုင်လ မှာ ၇.၄၄ ရာခိုင်နှုန်းဖြစ်လာပြီး ၁၅ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ရပါတယ်။
စားသောက်ကုန်စျေးနှုန်းမြင့်တက်မှုဟာ ကုန်စည်နဲ့ ဝန်ဆောင်မှုတန်ဖိုးစုစုပေါင်းရဲ့ ၁၁.၅၁ ရာခိုင်နှုန်းရှိနေပြီး၊ လက်လီစားသောက်ကုန်စျေးနှုန်းမြင့်တက်မှုဟာ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်ပါ တယ်။
ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး၊ ခရမ်းသီး၊ ကြက်သွန်ဖြူနဲ့ ဂျင်း အပါအဝင် အိန္ဒိယမီးဖိုချောင်သုံး အများဆုံး ဟင်းသီးဟင်းရွက်အချို့ရဲ့ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နှစ်ဆကျော်မြင့်တက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အယ်လ်နီညိုရာသီဥတုပုံစံကြောင့် ရာစုနှစ်တစ်ခုကျော်အတွင်း အခြောက်သွေ့ဆုံး သြဂုတ်လကို ဦးတည်နေပြီး နေရာအများအပြားတို့မှာ မိုးအနည်းငယ်သာ ရွာသွန်းနိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသဌာနမှ အရာရှိ နှစ်ဦးက သောကြာနေ့မှာ ပြောပါတယ်။
၁၉ဝ၁ ခုနှစ်မှာ စံချိန်တင်ခဲ့တဲ့ ဩဂုတ်လ မိုးရေချိန်နောက်ပိုင်း အနိမ့်ဆုံးဖြစ်မယ်လို့ ခန့်မှန်းရပြီး နွေရာသီ သီးနှံများမှာ စပါးမှ ပဲပိစပ်အထိ အထွက်နှုန်း ဆုတ်ယုတ်ဖွယ်ရှိပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးရောက်ရှိလာတဲ့ လက်လီစားသောက်ကုန်စျေးနှုန်းဟာ ဇူလိုင်လမှာ အမြင့်ဆုံးအဖြစ် ထပ်မံခုန်တက်သွား ကြောင်း တွေရှိရပါတယ်။
#အိန္ဒိယပြည်ပပို့_ကြက်သွန်နီအခွန် #အယ်လ်နီညိုရာသီဥတု
(Reuters., 19 August 2023,” India imposes 40% export duty on onions with immediate effect” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်လာစျေး အတက်ကြမ်းခြင်းမှာ မိမိတို့၏ စီးပွားရေးအပေါ် မတည်မငြိမ်ဖြစ်စေဟု ဖွံ့ဖြိုးဆဲနိုင်ငံများ ညည်းညူ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း