K-pop ဖျော်ဖြေပွဲတွင် ဓါးဖြင့်တိုက်ခိုက်မှုများပြုလုပ်မည်ဆိုသော အသက်(၁၁)နှစ်အရွယ် မိန်းကလေးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ဖမ်းဆီး
Pika (NSS) - ဩဂုတ် ၁၉
တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော K-pop အဖွဲ့၏ ဖျော်ဖြေပွဲအတွင်း ဓါးထိုးမှုများလုပ်ဆောင်မည်ဟု အွန်လိုင်းပေါ်တွင် တင်ခဲ့သည့် အသက်(၁၁)နှစ်အရွယ် မိန်းကလေး၏ ခြိမ်းခြောက်မှုသည် နောက်ပြောင်မှုတစ်ခုသာဖြစ်ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆိုးလ်မြို့အနောက်ပိုင်းရှိ Gocheok Sky Dome အားကစားကွင်းတွင် ဩဂုတ်လ ၁၅ ရက်ကကျင်းပသည့် ဖျော်ဖြေပွဲ၌ စုဝေးနေသော ပရိသတ်များကို ဓါးဖြင့်ထိုးမည်ဟု ခြိမ်းခြောက်သည့် ပို့စ်တစ်ခုကို အသက်(၁၁)နှစ်အရွယ် မိန်းကလေးက တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆိုးလ်မြို့ ဂူရိုခရိုင်ရှိ ရဲစခန်းသည် ဖျော်ဖြေပွဲပြီးသည့်နေ့ ညသန်းခေါင်အချိန်တွင် အဆိုပါမိန်းကလေးကို ကွင်းအတွင်း၌ရှာဖွေရန်အတွက် တာဝန်ရှိသူ(၃၉)ဦးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အာဏာပိုင်များသည် ၎င်း၏ IP လိပ်စာမှတစ်ဆင့် အသက်(၁၁)နှစ်အရွယ် မိန်းကလေးကို ခြေရာခံနိုင်ခဲ့ကြောင်းသိရသည်။ K-pop အဖွဲ့၏ အမှတ်တရပစ္စည်းရောင်းချမှုသည် ၎င်းမဝယ်ယူနိုင်လောက်သည်အထိ ဈေးကြီးသည်ကို ဒေါသထွက်ခဲ့ခြင်းကြောင့် နောက်ပြောင်သည့်အနေဖြင့် ခြိမ်းခြောက်သည့်ပို့စ်ကိုတင်ခဲ့ခြင်းဖြစ်ကြောင်း အသက်(၁၁)နှစ်အရွယ် မိန်းကလေးက ရဲတပ်ဖွဲ့ကိုပြောကြားခဲ့သည်။
အသက်မပြည့်သေးသော ရာဇဝတ်မှုများနှင့် မိသားစုအငြင်းပွားမှုများကို ဖြေရှင်းပေးသည့် တရားရုံးက ၎င်းကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားဥပဒေအရ အသက်(၁၁)နှစ်အရွယ် မိန်းကလေး၏ ရာဇဝတ်မှုကို ရာဇဝတ်မှုအသေးစားအဖြစ် သတ်မှတ်ထားပြီး ပြစ်ဒဏ်များမှ ကင်းလွတ်ခွင့်ရသော်လည်း ဖမ်းဆီးထိန်းသိမ်းမှုများကို လုပ်ဆောင်နိုင်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအတွက် import လိုင်စင်လျှောက်ထားမှုဖြေလျော့ပေးပါက ပြည်တွင်းလျှပ်စစ်ကဏ္ဍတွင် တိုးတက်မှုများပိုရှိလာနိုင်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း