ရန်ကုန်တက္ကသိုလ်ရှိ ဓာတုဗေဒဌာနတွင် အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁၉
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၁၈ရက်)၊ ညနေ ၆နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန၊ Lab ခန်း (CE-3)ခန်းမတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အလူမီနီယံဆာလဖိတ်အား လွန်ခဲ့သော(၃)ရက်ခန့်က လက်တွေ့ခန်းတွင် အသုံးပြုရန် ခွဲတမ်းထားရှိခဲ့ရာမှ ယိုစိမ့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက၏သတင်းထုတ်ပြန်ချက်များမှ သိရသည်။
"ဖြစ်တာက ရန်ကုန်တက္ကသိုလ် ဓာတုဗေဒခန်းမှာဖြစ်တာလို့သိရတယ်။ ကျွန်တော်တို့ကတော့ အပြင်ကပဲလိုအပ်တာလေးတွေယူပေးတာဆိုတော့ သေချာတော့မသိလိုက်ရပါဘူး။ လူထိခိုက်မှုတွေတော့ မရှိပါဘူး" ဟု သွားရောက်ကူညီခဲ့သောလူမှုကူညီရေးအသင်းထံမှ သိရသည်။
ထိုသို့ အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွားမှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ရန် စီစဥ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း