PDF အဖွဲ့ဝင် (၈)ဦး ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်ခဲ့ပြီး သြဂုတ်လအတွင်း ဥပဒေဘောင်အတွင်းဝင်ရောက်သူ (၅၀)ဦး နီးပါးရှိလာ
ယွန်း (NSS) - သြဂုတ် ၁၈
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၅)ခုမှ PDF အဖွဲ့ဝင် (၈)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ သြဂုတ်လ(၁၆)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
နစကအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖိတ်ခေါ်လျက်ရှိရာ သြဂုတ်လ(၁၇)ရက် နံနက်ပိုင်းတွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမတွင် လက်ခံခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ အပါအဝင် ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒလမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသားလေးဦးနှင့် အမျိုးသမီးလေးဦး စုစုပေါင်း (၈)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း နစကမှ အသိပေးထားသည်။
၎င်းတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် သြဂုတ်လ(၂)ရက်ကလည်း စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့မှ PDF အဖွဲ့ဝင် (၁၇)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သြဂုတ်လ(၄)ရက်တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ လှိုင်သာယာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှည်းကူးမြို့နယ်အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ ဝါးခယ်မ၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တို့မှ PDF အဖွဲ့ဝင်(၁၄)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နစကမှ သိရသည်။
ထို့ကြောင့် သြဂုတ်လ(၁)ရက်မှ (၁၇)ရက်အထိ PDF အဖွဲ့ဝင် (၄၈)ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့အား နစကမှ ဆုငွေကျပ် (၆၇၇)သိန်း ချီးမြှင့်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုကြရန် ဆောက်လုပ်ရေးပညာရှင်များတိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း