စာသင်ကျောင်းအား Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ဆရာ/မများ နှင့် ကျောင်းသား/သူများ ထိခိုက်ဒဏ်ရာရရှိမှု ညောင်လေးပင်မြို့နယ်၌ ဖြစ်ပွား
NSS - ဩဂုတ် ၁၇
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် အခြေခံပညာကျောင်းတစ်ကျောင်းအား KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone ဖြင့် ဗုံးတစ်လုံးပစ်ချတိုက်ခိုက်မှုကြောင့် စာသင်နေသည့် ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်၊ မွန်းလွဲ ၂နာရီ ၄၀မိနစ်အချိန်တွင် ညောင်လေးပင်မြို့နယ်၊ အင်းကပ္ပလိပ်ကျေးရွာရှိ အခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်း(မူလွန်)ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပေနေစဉ် KNU နှင့် PDFပူးပေါင်းအဖွဲ့မှ Drone ဖြင့် ဗုံးတစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်သစ်လှေကားနှင့် ရေစင်ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကျောင်းဆောင်သစ်မှ ပြတင်းတံခါးမှန်များကွဲအက်ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထို့ပြင် ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်အတွင်း စာသင်ကြားနေသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမောင်နှင့် ဆရာမ(၃)ဦးအပြင် ပညာသင်ယူနေသည့် Grade(6)မှ မောင်ဟိန်းအာကာ(၁၃)နှစ်နှင့် Grade(3)မှ မအင်ကြင်းလှိုင်(၇)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာမ(၃)ဦးနှင့် ကျောင်းသား၊ကျောင်းသူ(၂)ဦးကို မဒေါက်မြို့ တိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ထားကြောင်း သိရသည်။
၎င်းဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၁၇ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း