(၇)လအတွင်း ယာဉ်တိုက်မှုပေါင်း (၃ဝဝဝ)နီးပါးဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်း၌ အများဆုံးဖြစ်ပွားခဲ့
စော (NSS) - ဩဂုတ် ၁၇
၂ဝ၂၃ ခုနှစ်၊ (၇)လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း (၃ဝဝဝ)နီးပါးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှု (၂၉၃၁)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၅၃၇)ဦး ရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုများတွင် ရန်ကုန်တိုင်းသည်(၅ဝ၁)ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းသည် ယာဉ်တိုက်မှုပေါင်း (၄၅၆)ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုများကြောင့် (၇)လအတွင်း လူဦးရေ စုစုပေါင်း (၄ဝ၂၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူ ဦးရေ (၁၅၃၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း (၉၇)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၆ဝ)ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် အလားတူကာလအတွင်း ယာဉ်တိုက်မှုပေါင်း (၃၅၃၃)ကြိမ်ဖြစ်ပွားခဲ့ရာ ယခုနှစ်နှင့် နှိုင်းယှဉ်ပါက ယာဉ်တိုက်မှု (၆ဝ၂)ကြိမ် လျော့ကျခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန် ပိုမိုတင်ပို့ရန် ပစ်မှတ်ထားနေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း