သစ်တောမြေဧက(၅ဝ)နီးပါးကို ကျူးကျော်ဝင်ရောက် အသုံးပြုထားသူများအနက်မှ ဖယ်ရှားခြင်းမရှိသေးသူများကို အရေးယူရန် ပြင်ဆင်နေ
ယွန်း (NP News) - ဇန်နဝါရီ ၂၄
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ သစ်တောမြေများတွင် ကျူးကျော်ဝင်ရောက်၍ အသုံးပြုထားသူများအနက်မှ ဖယ်ရှားခြင်းမရှိသေးသူများကို အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ယနေ့(ဇန်နဝါရီလ ၂၄ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့ရှိ လယ်ယာမြေများ အပါအဝင် မြေလွတ်မြေရိုင်းနှင့် သစ်တောမြေများတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ဆောင်ရွက်နေခြင်းများ ရှိနေကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ၂ဝ၂၂ ခုနှစ် ဧပြီလ (၂၉)ရက်စွဲပါအမှတ်၊ ၈/ ၅-၁/ ဦး ၆ (၁၂၁ဝ)ဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ခေါင်းဆောင်သည့် ကွင်းဆင်းစိစစ်ရေးအဖွဲ့(၄)ဦးမှ နယ်မြေအလိုက်ခွဲခြား၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း နစကမှ ဆိုသည်။ ထိုသို့ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ပြင်ဦးလွင်ခရိုင်အတွင်းရှိ သစ်တောမြေအတွင်း လူပုဂ္ဂိုလ်(၃၃)ဦးမှ ခွင့်ပြုချက်မရှိဘဲ မြေ(၄၈ ဒသမ ၇၄) ဧကအား ကျူးကျော်အသုံးပြုထားခဲ့ကြောင်း သိရသည်။
ကျူးကျော်ဝင်ရောက်သူများကို ထွက်ခွာစေရန် အကြောင်းကြားစာများ ထုတ်ပြန်ခဲ့သော်လည်း သတ်မှတ်ရက်အတွင်း ဖယ်ရှားခြင်းမရှိသူများကို သစ်တောဥပဒေပုဒ်မ- ၄ဝ(က)(၁)၊ ၄ဝ(က)(၃) တို့အရ အရေးယူမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ လက်ရှိ သစ်တောမြေအတွင်း ခွင့်ပြုထားသည့် ကော်ဖီစိုက်ပျိုးခြင်း ကိစ္စများနှင့် ပတ်သက်၍လည်း စိုက်ပျိုးရေးဦးစီးဌာန၏ မူလခွင့်ပြုမိန့်ပါ စည်းကမ်းချက်များ၊ သစ်တောဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် သစ်တောမြေပြင်ပရှိ မြေအသုံးချမှုများကိုလည်း သက်ဆိုင်ရာဌာနများက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
zawgyi version
သစ္ေတာေျမဧက(၅ဝ)နီးပါးကို က်ဴးေက်ာ္ဝင္ေရာက္ အသုံးျပဳထားသူမ်ားအနက္မွ ဖယ္ရွားျခင္းမရွိေသးသူမ်ားကို အေရးယူရန္ ျပင္ဆင္ေန
ယြန္း (NP News) - ဇန္န၀ါရီ ၂၄
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕ရွိ သစ္ေတာေျမမ်ားတြင္ က်ဴးေက်ာ္ဝင္ေရာက္၍ အသုံးျပဳထားသူမ်ားအနက္မွ ဖယ္ရွားျခင္းမရွိေသးသူမ်ားကို အေရးယူမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကမွ ယေန႔(ဇန္နဝါရီလ ၂၄ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။ ျပင္ဦးလြင္ၿမိဳ႕ရွိ လယ္ယာေျမမ်ား အပါအဝင္ ေျမလြတ္ေျမ႐ိုင္းႏွင့္ သစ္ေတာေျမမ်ားတြင္ တရားဝင္ခြင့္ျပဳခ်က္မရွိဘဲ အကြက္႐ိုက္ေဆာင္႐ြက္ေနျခင္းမ်ား ရွိေနေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ျပင္ဦးလြင္ခ႐ိုင္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕၏ ၂ဝ၂၂ ခုႏွစ္ ဧၿပီလ (၂၉)ရက္စြဲပါအမွတ္၊ ၈/ ၅-၁/ ဦး ၆ (၁၂၁ဝ)ျဖင့္ ခ႐ိုင္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား ေခါင္းေဆာင္သည့္ ကြင္းဆင္းစိစစ္ေရးအဖြဲ႕(၄)ဦးမွ နယ္ေျမအလိုက္ခြဲျခား၍ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း နစကမွ ဆိုသည္။ ထိုသို႔ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ ျပင္ဦးလြင္ခ႐ိုင္အတြင္းရွိ သစ္ေတာေျမအတြင္း လူပုဂၢိဳလ္(၃၃)ဦးမွ ခြင့္ျပဳခ်က္မရွိဘဲ ေျမ(၄၈ ဒသမ ၇၄) ဧကအား က်ဴးေက်ာ္အသုံးျပဳထားခဲ့ေၾကာင္း သိရသည္။
က်ဴးေက်ာ္ဝင္ေရာက္သူမ်ားကို ထြက္ခြာေစရန္ အေၾကာင္းၾကားစာမ်ား ထုတ္ျပန္ခဲ့ေသာ္လည္း သတ္မွတ္ရက္အတြင္း ဖယ္ရွားျခင္းမရွိသူမ်ားကို သစ္ေတာဥပေဒပုဒ္မ- ၄ဝ(က)(၁)၊ ၄ဝ(က)(၃) တို႔အရ အေရးယူမႈမ်ား ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အလားတူ လက္ရွိ သစ္ေတာေျမအတြင္း ခြင့္ျပဳထားသည့္ ေကာ္ဖီစိုက္ပ်ိဳးျခင္း ကိစၥမ်ားႏွင့္ ပတ္သက္၍လည္း စိုက္ပ်ိဳးေရးဦးစီးဌာန၏ မူလခြင့္ျပဳမိန႔္ပါ စည္းကမ္းခ်က္မ်ား၊ သစ္ေတာဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ စိစစ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
ထို႔ျပင္ သစ္ေတာေျမျပင္ပရွိ ေျမအသုံးခ်မႈမ်ားကိုလည္း သက္ဆိုင္ရာဌာနမ်ားက ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စီမံခန႔္ခြဲလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းရဲတပ်ဖွဲ့၏ စွဲချက်များကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ် ငြင်းဆန်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း