သမီးယောက္ဖနှစ်ဦးစကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှု မာန်အောင်မြို့နယ်တွင် ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ယာတောထဲသွားခါနီး သမီးယောက္ဖနှစ်ဦးစကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်)၊ နံနက် ၉နာရီအချိန်တွင် မာန်အောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း စေတနာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
"ဖြစ်တာက သမီးယောက္ဖတွေပါ။ အလုပ်သွားဖို့ပြင်တုန်းကို စကားများရင်းကနေဖြစ်တယ်လို့ သိရတယ်" ဟု စေတနာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားဖြင့်အခုတ်ခံရမှုကြောင့် ညောင်ကုန်းကျေးရွာတွင်နေထိုင်သည့် အသက်(၂၇)နှစ်အရွယ် အမျိုးသားတွင် ဓားဒဏ်ရာ(၃)ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
"သေဆုံးသူက ဒဏ်ရာက(၃)ချက်နဲ့။ ဗိုက်ကဒဏ်ရာကများတယ်။ ဗိုက်မှာကတစ်ချက်။ ဦးခေါင်းမှာကတစ်ချက်ရယ်။ ခြေထောက်ကဟာက နည်းတယ်"ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါလူသတ်မှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ အသက်(၂၀)အရွယ်အမျိုးသားအား သက်ဆိုင်ရာမှ ချက်ခြင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားအား စေတနာရှင်လူမှုကူညီရေးအသင်းမှ မန်အောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
KNLA ၊ PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအား ပြန်လည်ရရှိရေး တပ်မတော် ထိုးစစ်ဆင်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း