ရထားလမ်းပိုင်း ရေကျော်မှုကြောင့် ခရီးစဥ်များ ရပ်နားထားခဲ့သည့် ရန်ကုန်- မော်လမြိုင်ရထားလမ်းပိုင်းအား ယနေ့တွင် ပြန်လည်ပြေးဆွဲ
ယွန်း (NSS) - သြဂုတ် ၁၀
ရထားလမ်းပိုင်း ရေကျော်မှုကြောင့် ရထားခရီးစဥ်များ ရပ်နားထားခဲ့ရသည့် ရန်ကုန်- မော်လမြိုင်ရထားလမ်းပိုင်းအား ယနေ့(သြဂုတ်လ ၁၀ ရက်)တွင် ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း သြဂုတ်လ(၉)ရက် နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းမှုကြောင့် ဘီးလင်းမြို့နယ် ဒုံးဝန်းဘူတာနှင့် နှင်းပုလဲဘူတာကြားရှိ ပေ (၁၅၀၀)ခန့် ရှည်လျားသော ရထားလမ်းနေရာ၌ သံလမ်းအထက် ရေကျော်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လူစီးရထားများ ဖြတ်သန်းရာတွင် ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်- မော်လမြိုင် လူစီးရထားခရီးစဥ် လေးခုကို ရပ်တန့်ထားခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် အဆိုပါ ရထားလမ်းပိုင်းအာ ယနေ့(သြဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။
“အရင်အတိုင်းပဲ ပြန်ပြေးဆွဲနေပါပြီ။ ဒီမနက်(၇)နာရီလောက်မှာ လမ်းပြန်ပွင့်ပါတယ်။ ပုံမှန်အတိုင်းပဲ လူစီးရထားနှစ်စီး ပြေးဆွဲနေပါတယ်။ မော်လမြိုင်ကနေ ရန်ကုန်ကို ခရီးသည်(၃၀၀)လောက်ပါသွားပါတယ်” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
လတ်တလောကာလတွင် မြန်မာနိုင်ငံရှိ ဒေသအချို့၌ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် ကားလမ်းရေကျော်၍ ခရီးသည်များအတွက် အခက်အခဲများရှိနေသည့် နေရာများလည်းရှိနေပြီး မြဝတီ- ကော့ကရိတ်အာရှိလမ်းမတွင် ကားလမ်းပြိုကျမှုလည်း ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ဘဏ်များ နှင့် လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မှုကို စက်တင်ဘာ(၁)ရက်မှ စတင်ပြီး ဖြတ်တောက်သွားမည်ဟု စင်ကာပူဘဏ်ကြေညာ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း