တစ်ရက်တည်းတွင် အမျိုးသား(၃)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဩဂုတ် ၉
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် နှင့် ရေတာရှည်မြို့နယ်တို့တွင် အမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပစ်ခတ်ခံရမှုသည် ဩဂုတ်လ ၆ ရက်၊ နံနက် ၉နာရီ ၄၅မိနစ်အချိန်တွင် တောင်ငူမြို့နယ်၊ ဇီးကုန်းကျေးရွာနှင့် ကမ္ဘားနီကျေးရွာကြားရှိ တာဘောင်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကမ္ဘားနီကျေးရွာတွင်နေထိုင်သည့် ဦးသိန်းထွန်း(၄၂)နှစ်သည် ၎င်းနေအိမ်မှ ဇီးကုန်းကျေးရွာသို့ သွား ရောက်စဉ် အထက်ပါ တာဘောင်ပေါ်အရောက်၌ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ညနေ ၄နာရီခွဲအချိန်ခန့်တွင် ရေတာရှည်မြို့နယ်၊ အေးကြီး(အောက်)ကျေးရွာနှင့် အေးကြီး(အထက်) ကျေးရွာကြားရှိ ဘုန်းကြီးကျောင်း၏ အရှေ့ဘက် ၂ဖာလုံခန့်အကွာ ပေါင်းလောင်းဆည်ဘောင်ပေါ်တွင် အမျိုးသားတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ရေနီမြို့၊ အင်းယာကျေးရွာတွင်နေထိုင်သည့် ဦးလှမြင့်(၅၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အဖွဲ့အင်အား(၆)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကာ ပေါင်းလောင်းဆည်တာဘောင်ပေါ်အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၆ ရက်၊ နံနက် ၁၀နာရီ ၁၀မိနစ်အချိန်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာ-နွားထိုးကြီးကားလမ်းမှ ဇရပ်ကြီးသွားမြေသားလမ်းပေါ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဇရပ်ကြီးကျေးရွာတွင်နေထိုင်သည့် ဦးကျော်လွင်(၄၈)နှစ်သည် တောင်သာမြို့မှ ဇရပ်ကြီးကျေးရွာအတွင်းသို့ သုံးဘီးဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် အထက်ပါလမ်းအရောက်၌ PDF အဖွဲ့အင်အား (၄)ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလှမယ်များကို အဝတ်ဗလာပုံစံဖြင့် စစ်ဆေးခဲ့ခြင်းကို စစ်ဆေးအရေးယူမည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း