ရန်ကုန်မြို့ရှိ ခရီးသွားကုမ္ပဏီတစ်ခုအား သေနတ်ပစ်ဖောက်ကာ ကျပ်သိန်း(၁၅၀၀) ဓါးပြတိုက်ခဲ့သူများကို (၁)နာရီအတွင်း ဖမ်းမိ
NSS - သြဂုတ် ၉
ရန်ကုန်မြို့ရှိ ခရီးသွားကုမ္ပဏီတစ်ခုအား သေနတ်ပစ်ဖောက်ကာ ငွေကျပ်သိန်း (၁၅၀၀) ဓါးပြတိုက်ခဲ့သူများကို တစ်နာရီအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဓါးပြတိုက်မှုဖြစ်စဉ်သည် ယမန်နေ့(သြဂုတ်လ ၈ ရက်)၊ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့ နယ်၊ အမှတ်(၅)ရပ်ကွက်၊ (၅၂)လမ်းရှိ Best Century Travel & Tour ကုမ္ပဏီ၌ ဖြစ် ပွားခဲ့ကြောင်း သိရသည်။
၎င်းကုမ္ပဏီသို့ Ford Everest အမျိုးအစား အနက်ရောင်ကားဖြင့် အမျိုးသား(၃)၊ အမျိုးသမီး(၁)ဦး စုစု ပေါင်း (၄)ဦးရောက်ရှိလာပြီး ကုမ္ပဏီအတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ထို့နောက်တွင် ၎င်းတို့(၄)ဦးသည် ကုမ္ပဏီအတွင်းရှိ ကောင်တာစားပွဲနောက်တွင်ရှိသော ပီနံအိတ်ဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း(၁၅၀၀)ခန့်ကို ယူဆောင်ကာ ၎င်းတို့မောင်းနှင်လာသည့်ကားဖြင့် ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ ဓါးပြတိုက်ခဲ့သူများကို ဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ရှာဖွေခဲ့ရာတွင် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းရှိ AD မီးပွိုင့်အနီး၌ အထက်ပါကားတစ်စီးနှင့်အတူ ကျူးလွန်သူများကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အနေဖြင့် Ford Everest အမျိုးအစား အနက်ရောင်ကားကို ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ FMI City၊ မင်္ဂလာ(၂)လမ်းတွင် နေထိုင်သော အားချီ(၂၃)နှစ်၊ လှိုင်မင်းထွန်း (၁၆)နှစ်နှင့် ရီရီ (၂၆)နှစ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြော သည်။
ထို့ပြင် ၎င်းကားပေါ်၌ ပစ္စတိုသေနတ် (၁)လက်၊ ကျည်အိမ်တစ်ခု၊ ကျည်(၈)တောင့်၊ ကုမ္ပဏီထံမှ ဓါးပြ တိုက်ယူဆောင်ခဲ့သော ငွေကျပ်သိန်း (၁၅၀၀)နှင့်အတူ အခြားသောဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ထပ်မံပြောသည်။
အဆိုပါဓါးပြတိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို တစ်နာရီအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဘုရင်၏ ကွဲကွာနေသော သားတော် ၂၇ နှစ်ကြာပြီးနောက် အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း