Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နွားစာတမာကိုင်းများ ခုတ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိမှု မြိုင်မြို့တွင်ဖြစ်ပွား

စော (NP News) - ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် နွားစာတမာကိုင်းများ ခုတ်ယူနေစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂ဝ) ရက်၊ နံနက်(၇) နာရီအချိန်တွင် မြိုင်မြို့နယ် သရက်ကွကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သရက်ကွကျေးရွာတွင် နေထိုင်သူ ဦးသက်ရှည်(၆၃)နှစ်သည် ဇနီးဖြစ်သူ ဒေါ်စန်းဝင်း(၅၉)နှစ်နှင့်အတူ ကျေးရွာ၏အနောက်ဘက်၌ နွားစာတမာကိုင်းများ ခုတ်ယူနေစဉ် တောတန်းအတွင်းမှ အကြမ်းဖက်သမား(၅) ဦးက သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဒေါ်စန်းဝင်းတွင် လည်ပင်း၌ ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသရန် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အလားတူ ဇန်နဝါရီလ (၂ဝ) ရက်၊ နံနက် (၁ဝ) နာရီအချိန်တွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၄၇(C)x၄၈ လမ်းကြား၊ ၁၂ဝ(မင်းကြီးရန်နောင်)လမ်းရှိ “ရတနာမိုး(၂)”ကလေးနှင့်စားဖွယ်စုံဆိုင်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်တွင် နေထိုင်သူ ကိုသန့်ဇင်ဝင်း(၃ဝ)နှစ်နှင့် အမျိုးသားတစ်ဦးတို့သည် ရတနာမိုး(၂)ဆိုင်၌ လက်ဖက် ရည်ထိုင်သောက်နေစဉ် (၁၂ဝ)လမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးပေါ်မှ အကြမ်းဖက်သမား (၄) ဦးက ဆိုင်အတွင်းဝင်ရောက်လာပြီး‌သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုများကြောင့် ကိုသန့်ဇင်ဝင်းတွင် ဦးခေါင်းကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်ဖြင့်လည်းကောင်း၊ ၎င်းနှင့်အတူထိုင်နေသည့် အမျိုးသားတစ်ဦးတွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက် ရရှိကာသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။


zawgyi version


စော (NP News) - ဇန်နဝါရီ ၂၂





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မကွေးတိုင်းအတွင်း လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ နှင့် စက်မှုကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved