မင်္ဂလာဒုံမြို့နယ်တွင် Mini Bus နှင့် ဆိုင်ကယ်တို့တိုက်မိမှုမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက်(၈)နှစ်အရွယ်ကျောင်းသူ ထပ်မံကွယ်လွန်
သန့်ဇင် (NSS) - ဩဂုတ် ၄
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် (ဩဂုတ်လ ၂ ရက်)၊ နံနက် ၈နာရီ ၂၇မိနစ်အချိန်တွင် ဖြစ်ပွားခဲ့သည့် Mini Bus နှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် (၈)နှစ်အရွယ်ကျောင်းသူ ထပ်မံကွယ်လွန်ခဲ့ကြောင်း ပုလဲမြို့နယ်မီးသတ်တပ်ဖွဲ့မှ အသိပေးထားသည်။
အထက်ပါကလေးငယ်သည် ယနေ့(ဩဂုတ်လ ၄ ရက်)၊ နံနက် ၅နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူနှင့် အသက် (၁၄)နှစ်အရွယ် (၈)တန်းကျောင်းသူတို့သည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး ၎င်းတို့နှင့်အတူပါလာခဲ့သော အသက် (၈)နှစ်အရွယ် ကလေးငယ်အား ကားအောက်ညှပ်နေရာမှ ခက်ခဲစွာထုတ်ယူကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ်သည် ဘယ်လက်ကျိုး၊ ညာခြေထောက်ကျိုးခဲ့ခြင်းကြောင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရကြောင်း ပုလဲမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် Mini Busပေါ်မှ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၅)ဦးတွင်လည်း ထိုခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပတ္တမြားလူငယ်ပရဟိတအသင်း၊ ပုလဲအရန်မီးသတ်စခန်းမှ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စည်ပင်အရာရှိတစ်ဦး ကားမောင်းလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရမှု မြစ်ကြီးနားမြို့တွင်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း