နွားကိုရှောင်လိုက်သည့်(၁၂)ဘီးကားကို ကြက်သွန်ကားမှ ဝင်တိုက်ခဲ့ရာ (၂)ဦးသေဆုံးမှု စစ်ကိုင်းမြို့၌ ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်ဘုရားအနောက်ပေါက်အနီးတွင် နွားကိုရှောင်လိုက်သည့် (၁၂)ဘီးကားအား ကြက်သွန်ကားမှ ဝင်တိုက်ခဲ့ရာ အမျိုးသား(၂)ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါယာဉ်တိုက်မှုသည် ယနေ့ (ဩဂုတ်လ ၁ ရက်)၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့၊ ကောင်းမှုတော် ဘုရားအနောက်ပေါက်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း အိုးဘိုလူမှုကူညီရေး အသင်းထံမှ သိရသည်။
“ကြားတာတော့ ရှေ့က(၁၂)ဘီးက နွားကိုရှောင်လိုက်တယ်တဲ့အချိန် နောက်ကကြက်သွန်ကားက ဝင်တိုက်မိတာပေါ့”ဟု အိုးဘိုလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ကြက်သွန်ကားပေါ်မှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့မှာ ကားအတွင်းညပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကြက်သွန်ကားပေါ်မှာပါလာတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကတော့ ကားပေါ်မှာပဲ Dead body ဖြစ်သွားပါတယ်။ အသက်တွေကတော့ ခန့်မှန်းခြေ (၃၀)ကျော်နဲ့(၄၀)ကျော်လောက်ရှိမယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အထက်ပါယာဉ်တိုက်မှုဖြစ်စဉ်မှ သေဆုံးသူအမျိုးသား(၂)ဦးအား အိုးဘိုလူမှူကူညီရေးအသင်းမှ စစ်ကိုင်းကုတင်(၂၀၀)ပြည့်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းမြို့တပ်ဂိတ် (၁၃)ရှေ့တွင်လည်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်များအား သတိကြီးစွာမောင်းနှင်ကြရန် အိုးဘိုလူမှုကူညီရေးအသင်းမှ သတိပေးပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ ဆိုလာစွမ်းအင်ပရောဂျက်(၁ဝဝ)အတွက် အမေရိကန်ဒေါ်လာ သန်း (၆ဝ) ရင်းနှီးမြှုပ်နှံသွားမည်ဟု GEAPP အဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း