မလေးရှား၌ အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး လှေကားပေါ်မှ ပြုတ်ကျသေဆုံးမှုဖြစ်ပွား
စော (NSS) - ဇူလိုင် ၃ဝ
မလေးရှား၌ အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး လှေကားပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား)မှ ယမန်နေ့(ဇူလိုင် ၂၉ ရက်) တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ၊ ဆန်ဝေးမြို့တွင် နေထိုင်သော အဆိုပါအမျိုးသမီးသည် ရဲများအော်ပရာစီဝင်ရာတွင် ဆိုင်နောက်ဖေးလှေကားမှ ဆင်းရာ၌ အမှတ်မထင်ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ၎င်းအသင်းထံမှ သိရသည်။
သေဆုံးသူအမျိုးသမီးမှာ မရွှေစင်ထက် (၂၂)နှစ်ဖြစ်ပြီး ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁ဝ ရပ်ကွက်၊ မြဝတ်ရည် (၂)လမ်းတွင် နေထိုင်သူဖြစ်ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့မှ သိရသည်။
အဆိုပါအမျိုးသမီးငယ်အား ယနေ့(ဇူလိုင် ၃ဝ ရက်) တွင် ကွာလာလမ်ပူ၊ ချဲရတ်ဂျလန်ကွာလီသုဿန်သို့ ပို့ဆောင်သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ပစားအုန်းဆီ ဈေးမြင့်တက်လာပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဆီတစ်ပိဿာ ကျပ်(၄၄၅ဝ) ဖြင့် ရောင်းပေးနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း