အွန်လိုင်းမှတဆင့် လိမ်လည်ခေါ်ယူခံခဲ့ရပြီး မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်များတွင် ခိုင်းစေခံနေရသည့် အိန္ဒိယနိုင်ငံသား(၁၅)ဦးကို နေရပ်ပြန်ပို့
ယွန်း(NSS) - ဇူလိုင် ၂၇
အွန်လိုင်းမှတဆင့် လိမ်လည်ခေါ်ယူခံရပြီး မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်များတွင် ခိုင်းစေခြင်းခံခဲ့ရသည့် အိန္ဒိယနိုင်ငံသား(၁၅)ဦးကို ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်ပို့ပေးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇူလိုင်လ(၂၆)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းတို့သည် မက်မောလောက်သော လစာဖြင့် အွန်လိုင်းမှတဆင့် လိမ်လည်ခေါ်ယူခံရပြီးနောက် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်များတွင် သားကောင် အဖြစ်ခိုင်းစေခြင်းခံခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အိန္ဒိယနိုင်ငံသား(၁၅)ဦးကို ရန်ကုန်လေဆိပ်မှတဆင့် အိန္ဒိယနိုင်ငံ ဒေလီမြို့တော်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဒေလီမှတဆင့် ၎င်းတို့၏ နေရပ်များကို ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သံရုံးမှ ဆိုထားသည်။
အိန္ဒိယသံရုံးအနေဖြင့် လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံသား စုစုပေါင်း(၃၇၉)ဦးကို ကယ်တယ်နိုင်ခဲ့ကြောင်းသိရပြီး ကျန်ရှိနေသူများကိုလည်း လုံခြုံစွာလွှတ်ပေးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အမြစ်ဖြတ်ပစ်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဇူလိုင်လ(၂၆)ရက်တွင် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင် နယ်စပ်ဒေသများ၌ ဆက်သွယ်ရေးလိမ်လည်မှုများ ဆက်လက်များပြားနေဆဲဖြစ်သည့်အတွက် မြန်မာ-တရုတ်နှစ်နိုင်ငံပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိခိုက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၂၇ ရက်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း