ဖမ်းဝရမ်းထုတ်ခံထားရသော ထိုင်းနိုင်ငံသား တရားခံပြေးကို ထိုင်းအာဏာပိုင်များထံ မြန်မာအစိုးရတာဝန်ရှိသူများ ပြန်လည်လွှဲပြောင်းပေး
ဂျန်ဇက် (NSS) - ဇူလိုင် ၂၆
မြန်မာအာဏာပိုင်များသည် ဖမ်းဆီးထားသော ထိုင်းနိုင်ငံသားဝရမ်းပြေးတစ်ဦးကို ချင်းရိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများထံ ဇူလိုင် ၂၅ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ်ရှိ Mr. Seree ဆိုသူသည် ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၂၆ ရက်တွင် Phaholyothin လမ်းရှိ ရွှေဆိုင်မှ ရွှေများကို သေနတ်ပြကာ လုယူခဲ့ခြင်းကြောင့် ချင်းရိုင်ပြည်နယ် တရားရုံး၏ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် လုယက်မှုကျူးလွန်ပြီးနောက် မကြာမီ ထိုင်း နှင့် မြန်မာနယ်စပ်ဒေသရှိ မြစ်ကို ဖြတ်သန်းကာ တာချီလိတ်မြို့ကို တရားမဝင် ဝင်ရောက်လာခဲ့ပြီးနောက် မကြာမီမြန်မာ ရဲတပ်ဖွဲ့ ဖမ်းဆီးခြင်းခံခဲ့ရ ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည် အဆိုပါတရားခံပြေးကို ဖမ်းမိနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မြန်မာအာဏာပိုင်များသည် အဆိုပါထိုင်းနိုင်ငံသားကို နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကော့သောင်းအကျဉ်း ထောင်ကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသားသည် ကော့သောင်းအကျဉ်းထောင်ကိုရောက်ရှိပြီးနောက် နယ်စပ်ဒေသကိုဖြတ်သန်းကာ ထိုင်း အာဏာပိုင်များထံ ၎င်းကို ပြန်လွှဲပြောင်းပေးစေလိုကြောင်း တောင်းဆိုခဲ့သည် ထိုင်းသတင်းများတွင် ဖော်ပြထား သည်။ အဆိုပါထိုင်းနိုင်ငံသားသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာခဲ့ပြီးနောက် တာချီလိတ်မြို့ရှိ ဟိုတယ် တွင် ၂ဝ၂၃ ခုနှစ် နှစ်စပိုင်းအထိ ပုန်းအောင်းနေခဲ့ကြောင်း သိရသည်။
ထိုင်း နှင့် မြန်မာအစိုးရတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၎င်းပုန်းအောင်းနေသည့်နေရာကို သိရှိပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Apple devices များကို ဘယ်တော့မှ အသုံးမပြုသင့်ကြောင်း၊ရုရှားလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်းတောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း