မြန်မာ့ပဲတီစိမ်းကို တရုတ်ဘက်က အဝယ်လိုက်လာခြင်းကြောင့် ဈေးကောင်းရလာ
NSS - ဇူလိုင် ၂၅
ဇူလိုင်လကုန်ပိုင်းတွင် တရုတ်ဘက်မှ ပဲတီစိမ်း အဝယ်လိုက်ခြင်းကြောင့် ဈေးကောင်းရနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
လွန်ခဲ့သည့် လအနည်းငယ်က ပဲတီစိမ်းအား တရုတ်နိုင်ငံဘက်က အဝယ်ရပ်လိုက်ခြင်းကြောင့် ဈေးများထိုးကျခဲ့ခြင်းဖြစ်သည်။ ပဲတီစိမ်း ဈေးကျသည့်ကာလအတွင်း ထိပ်စတစ်အိတ်လျှင် ၁၇၁,၀၀၀ ကျပ်နှင့် အနိမ့်စတစ်အိတ်လျှင် ၁၄၃,၀၀၀ ကျပ်အထိ ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။
လက်ရှိတွင်တစ်အိတ်လျှင်၂၀၀၀ ကျပ်ဝန်းကျင်ခန့်ဈေးပြန်တက်လာပြီး မန္တလေး ပဲတီစိမ်းဈေးကွက်၌ ပဲတီစိမ်း တစ်အိတ်လျှင် ၁၇၃,၀၀၀ ကျပ်နှင်အနိမ့်စတစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိလာကြောင်း သိရသည်။
မန္တလေးဈေးကွက် ပဲကုန်စည်ဒိုင်များတွင် ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ၁၅၅,၀၀၀ ကျပ်မှ ၁၇၄,၀၀၀ ကျပ်၊ ပဲတီစိမ်းအခွံ သုံးတင်းဝင် တစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ် ရှိလာကြောင်း သိရသည်။
တရုတ်ဝယ်လိုအားကြောင့် ပဲတီစိမ်း ဈေးကွက်ရလာသဖြင့် အထက်ပိုင်းဒေသရှိ မြို့နယ်များသာမက ဧရာဝတီတိုင်းဒေသမှ ပဲတီစိမ်းများပါ တင်ပို့ရောင်းချမှုများရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန်မြှင့်တင်ရေးအတွက် ကဏ္ဍအလိုက် ဖြစ်နိုင်ချေရှိသည့် အမယ်သစ်များကို ထိုးဖောက်တင်ပို့နိုင်ရေး UMFCCI ဥက္ကဋ္ဌ အသိပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း