ရုရှားနိုင်ငံတွင် ဒစ်ဂျစ်တယ်ရူဘယ်ငွေကြေးကို တရားဝင်အသုံးပြုတော့မည်
Pika (NSS) - ဇူလိုင် ၂၅
ရုရှားသမ္မတပူတင်သည် ဒစ်ဂျစ်တယ်ရူဘယ်ငွေကြေးကို မိတ်ဆက်မည့် ဥပဒေတစ်ရပ်ကို ဇူလိုင်လ(၂၄)ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည့်စာရွက်စာတမ်းအရ ဒစ်ဂျစ်တယ်ရူဘယ်ငွေကြေးကို ဩဂုတ်လ(၁)ရက်တွင် စတင်လုပ်ကိုင်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဒစ်ဂျစ်တယ်ရူဘယ်ငွေကြေးကို လွှဲပြောင်းမှုများ နှင့် ငွေပေးချေမှုများ ပြုလုပ်ရန် အသုံးပြုမည်ဖြစ်ပြီး ဗဟိုဘဏ်မှ လုပ်ဆောင်သော ပလက်ဖောင်းပေါ်တွင် digital wallets များကို သိမ်းဆည်းထားမည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း အဆိုပါဒစ်ဂျစ်တယ်ငွေကြေးတွင် အပ်ငွေတစ်ခုဖွင့်ရန်၊ ချေးငွေထုတ်ရန် (သို့မဟုတ်) အတိုးရရှိရန် မဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှားသမ္မတပူတင်သည် ဒစ်ဂျစ်တယ်ရူဘယ်ငွေကြေးကို နိုင်ငံတော်အမွေပစ္စည်းအဖြစ် ဆက်လက်ထိန်းသိမ်းသွားနိုင်မည့် ဥပဒေပြင်ဆင်ချက်ကိုလည်း တင်သွင်းခဲ့ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်ရူဘယ်ငွေကြေးကို မိတ်ဆက်ရန် စိတ်ကူးကို (၂ဝ၂၂)ခုနှစ်နှောင်းပိုင်းတွင် ရုရှား၏ ဗဟိုဘဏ်က ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Bitcoin ကဲ့သို့သောငွေကြေးများနှင့်မတူဘဲ ဒစ်ဂျစ်တယ်ရူဘယ် ငွေကြေးကို ရုရှားနိုင်ငံ၏ ငွေကြေးထိန်းသိမ်းသည့်အဖွဲ့အစည်းက ထုတ်ပေးမည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အန္တရာယ် အနည်းဆုံး ဒစ်ဂျစ်တယ်ငွေကြေးတစ်ခုဖြစ်လာနိုင်မည်ဟု ခန့်မှန်းထားကြကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားသို့ အမေရိကန်၏ရေငုပ်သင်္ဘောတစ်စီး ထပ်မံရောက်ရှိလာပြီးနောက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ထပ်မံစမ်းသပ် ပစ်လွှတ်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း