Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒေါ်လာသန်း (၆ဝ)ကျော်ဖြင့် လုပ်ဆောင်မည့် ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းပြင်ပ လမ်း၊ လျှပ်စစ်ရရှိရေးလုပ်ငန်းများကို မကြာခင်အကောင်ထည်ဖော်မည်

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၉

အမေရိကန်ဒေါ်လာသန်း(၆ဝ)ကျော်ဖြင့် လုပ်ဆောင်မည့် ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း(KMIC)ပြင်ပ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းကို မကြာခင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းသည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်ခဲ့သော စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် နစက၏ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် KMIC စက်မှုဇုန်ပြင်ပ အခြေခံအဆောက်အအုံစီမံကိန်းအတွက် စီမံကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ ခွဲဝေပေးထားကြောင်း သိရသည်။

KMIC စက်မှုဇုန်စီမံကိန်းပြင်ပ အခြေခံအဆောက်အအုံလုပ်ငန်းများထဲတွင် လမ်း ဖောက်ခြင်း၊ ရေရရှိရေး နှင့် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများကို အကောင်အ ထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အဆိုပါစီမံကိန်းများကို ကိုရီးယားနိုင်ငံရှိ Korea Exim Bank ၏ EDCF ချေးငွေအကူအညီ အမေရိကန်ဒေါ်လာ (၆၁ ဒသမ ၈၁၆)သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

စီမံကိန်းဦးဆောင်အဖွဲ့အား Korea Exim Bank မှ EDCF ချေးငွေဆိုင်ရာပြဋ္ဌာန်းထားသော စီမံကိန်းအကြံပေးခန့်အပ်ခြင်းနှင့် စီမံကိန်းအထောက်အကူပြုခြင်းတို့နှင့်စပ်လျဉ်းသည့် လမ်းညွှန်ချက်များနှင့်အညီ ရွေးချယ်ဆောင်ရွက်ပေးရန် ဝန်ကြီးဌာနက တာဝန်ပေးထားသည်။ ထို့ပြင် ကန်ထရိုက်တာများမှ တင်ပြလာသည့် စီမံကိန်းအကောင်အထည်ဖော်မှု အ ဆင့်ဆင့်ကို အကြံပေးနှင့်အတူ စီမံချက်ရေးဆွဲခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် အ တည်ပြုခြင်းတို့ကို ဆောင်ရွက်သွားရန်လည်း စီမံကိန်းဦးဆောင်အဖွဲ့ကို တာဝန် ပေးထားသည်။

ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုစီမံကိန်း(ESMP)အပါအဝင် ကနဦးပတ် ဝန်းကျင်ဆန်းစပ်ခြင်း(IEE) သို့မဟုတ် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (ESIA) တို့ကိုဆောင်ရွက်ရမည့်အပြင် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ ထိခိုက်မှုများနှင့် ESMP အကောင်အထည်ဖော်ခြင်းကို ဦးဆောင်အဖွဲ့အနေဖြင့် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းသည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်း တည်ရှိပြီး လေဆိပ်၊ အမြန်လမ်းနှင့် ဆိပ်ကမ်းတို့အနီးတွင် တည်ရှိသည့်အတွက် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်ကြောင်း သုံးသပ်ပြောဆိုမှု များရှိခဲ့သည်။


zawgyi version

ေဒၚလာသန္း (၆ဝ)ေက်ာ္ျဖင့္ လုပ္ေဆာင္မည့္ ကိုရီးယား-ျမန္မာစက္မႈဇုန္စီမံကိန္းျပင္ပ လမ္း၊ လွ်ပ္စစ္ရရွိေရးလုပ္ငန္းမ်ားကို မၾကာခင္အေကာင္ထည္ေဖာ္မည္

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၉

အေမရိကန္ေဒၚလာသန္း(၆ဝ)ေက်ာ္ျဖင့္ လုပ္ေဆာင္မည့္ ကိုရီးယား-ျမန္မာစက္မႈဇုန္စီမံကိန္း(KMIC)ျပင္ပ အေျခခံအေဆာက္အအုံ တည္ေဆာက္ျခင္းလုပ္ငန္းကို မၾကာခင္ေဆာင္႐ြက္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ကိုရီးယား-ျမန္မာစက္မႈဇုန္စီမံကိန္းသည္ ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ စတင္ခဲ့ေသာ စီမံကိန္းတစ္ခုျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ နစက၏ ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ KMIC စက္မႈဇုန္ျပင္ပ အေျခခံအေဆာက္အအုံစီမံကိန္းအတြက္ စီမံကိန္းဦးေဆာင္အဖြဲ႕ကို ဖြဲ႕စည္းကာ လုပ္ငန္းတာဝန္မ်ား ခြဲေဝေပးထားေၾကာင္း သိရသည္။

KMIC စက္မႈဇုန္စီမံကိန္းျပင္ပ အေျခခံအေဆာက္အအုံလုပ္ငန္းမ်ားထဲတြင္ လမ္း ေဖာက္ျခင္း၊ ေရရရွိေရး ႏွင့္ လွ်ပ္စစ္ဓာတ္အားရရွိေရးလုပ္ငန္းမ်ားကို အေကာင္အ ထည္ေဖာ္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။ အဆိုပါစီမံကိန္းမ်ားကို ကိုရီးယားႏိုင္ငံရွိ Korea Exim Bank ၏ EDCF ေခ်းေငြအကူ အညီ အေမရိကန္ေဒၚလာ (၆၁ ဒသမ ၈၁၆)သန္းျဖင့္ အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

စီမံကိန္းဦးေဆာင္အဖြဲ႕အား Korea Exim Bank မွ EDCF ေခ်းေငြဆိုင္ရာျပ႒ာန္းထားေသာ စီမံကိန္းအႀကံေပးခန႔္အပ္ျခင္းႏွင့္ စီမံကိန္းအေထာက္အကူျပဳျခင္းတို႔ႏွင့္စပ္လ်ဥ္းသည့္ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ ေ႐ြးခ်ယ္ေဆာင္႐ြက္ေပးရန္ ဝန္ႀကီးဌာနက တာဝန္ေပးထားသည္။ ထို႔ျပင္ ကန္ထ႐ိုက္တာမ်ားမွ တင္ျပလာသည့္ စီမံကိန္းအေကာင္အထည္ေဖာ္မႈ အ ဆင့္ဆင့္ကို အႀကံေပးႏွင့္အတူ စီမံခ်က္ေရးဆြဲျခင္း၊ ျပန္လည္သုံးသပ္ျခင္းႏွင့္ အ တည္ျပဳျခင္းတို႔ကို ေဆာင္႐ြက္သြားရန္လည္း စီမံကိန္းဦးေဆာင္အဖြဲ႕ကို တာဝန္ ေပးထားသည္။

ပတ္ဝန္းက်င္ႏွင့္လူမႈေရးဆိုင္ရာ စီမံခန႔္ခြဲမႈစီမံကိန္း(ESMP)အပါအဝင္ ကနဦးပတ္ ဝန္းက်င္ဆန္းစပ္ျခင္း(IEE) သို႔မဟုတ္ ပတ္ဝန္းက်င္ႏွင့္ လူမႈေရးထိခိုက္မႈဆန္းစစ္ျခင္း (ESIA) တို႔ကိုေဆာင္႐ြက္ရမည့္အျပင္ ပတ္ဝန္းက်င္ႏွင့္လူမႈေရးဆိုင္ရာ ထိခိုက္မႈမ်ားႏွင့္ ESMP အေကာင္အထည္ေဖာ္ျခင္းကို ဦးေဆာင္အဖြဲ႕အေနျဖင့္ ေစာင့္ၾကည့္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ကိုရီးယား-ျမန္မာစက္မႈဇုန္စီမံကိန္းသည္ ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္အတြင္း တည္ရွိၿပီး ေလဆိပ္၊ အျမန္လမ္းႏွင့္ ဆိပ္ကမ္းတို႔အနီးတြင္ တည္ရွိသည့္အတြက္ ႏိုင္ငံ၏ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစႏိုင္ေၾကာင္း သုံးသပ္ေျပာဆိုမႈ မ်ားရွိခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းတွင် ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား(၇)ဦးအ တွက် အာမခံကြေး၊ ဆုကြေးနှင့် နစ်နာကြေးများအမြန်ဆုံးရအောင် မြန်မာသံရုံး ဆောင် ရွက်ပေးမည်ဟုဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved