ငါန်းဇွန်မြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေး၌ အမျိုးသား(၂)ဦးကို PDF အဖွဲ့ကသေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၂၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေး၌ အမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် (၁၀)ချက်ခန့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၂၀ ရက်)၊ ညနေ ၅နာရီအချိန်တွင် ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်အနောက်ကျေးရွာ အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာအတွင်းသို့ မျက်နှာဖုံးစွပ်ထားသော PDF(၃)ဦးက သေနတ်များပစ်ဖောက် ဝင်ရောက် လာပြီး အမျိုးသား(၂)ဦးအား ၎င်းတို့နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏ အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးအရောက်၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။
ထိုသို့ ပစ်သတ်ခံရမှုကြောင့် ရေလည်သောင်အနောက်ကျေးရွာနေ ဦးကျော်ဟန်(၅၀)နှစ်တွင် ဦးခေါင်းနှင့်နောက်စေ့မှ ယာဘက်ပါးသို့ကျည်ဖောက်ဝင် ဒဏ်ရာ(၂)ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဦးရဲမင်းကျော်(၃၅)နှစ်တွင်လည်း ဝဲနားထင်၊ ယာနားနောက်၊ ဝမ်းဗိုက်၊ ခါး၊ တင်ပါးဆုံယာဘက်နှင် ယာပေါင်တို့၌ ကျည်ဖောက်ဝင် ဒဏ်ရာ(၈)ချက်တို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းဈေးအရောင်းအဝယ်များ၏ အားနည်းချက်များကို ဖြေရှင်းရန် မှတ်ပုံတင်ခိုင်းခြင်းဖြစ်ကြောင်း စီးပွါးကူးသန်းဝန်ကြီးဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း