လက်လုပ်မိုင်းပေါက်ကွဲခဲ့ရာ ဈေးဝယ်ထွက်လာသည့် မိသားစုအနက်မှ (၈)နှစ်အရွယ် ကလေးသေဆုံးမှု မတ္တရာမြို့ တွင် ဖြစ်ပွား
(NSS) - ဇူလိုင် ၂၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၉ ရက်) ညနေ ၅ နာရီအချိန်တွင် မတ္တရာမြို့နယ်၊ လက္ကောင်းကျေးရွာအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွေးစုကျေးရွာတွင်နေထိုင်သည့် ကိုမင်းမင်းထိုင်(၂၉)နှစ်သည် ၎င်း၏ မိသားစုနှင့်အတူ ဆိုင်ကယ်ဖြင့် မတ္တရာမြို့သို့ ဈေးဝယ်ထွက်လာစဉ် အခင်းဖြစ်ပွားရာနေရာအရောက်၌ PDF အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကိုမင်းမင်းထိုက်(ခ)လမင်း (၂၉)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်း၏ သမီးဖြစ်သူ မသံစဉ်ဖူးကျော်(၈)နှစ်တွင် ပါး၊ လက်မောင်းနှင့် ခြေထောက်တို့၌ မိုင်းစထိမှန် ဒဏ်ရာ များရရှိခဲ့သဖြင့် မတ္တရာမြို့ပြည်သူ့ဆေးရုံတွင် ကုသခဲ့ရာ ည (၇)နာရီအချိန်ခန့်တွင် အခင်းဖြစ်ပွားစဉ်ကရရှိခဲ့သော သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပါပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယမှ တင်သွင်းသည့်ဆေးဝါးများကြောင့် ကလေးငယ်ပေါင်း ၇ဝ သေဆုံးခဲ့ရဟု ဂမ်ဘီယာအစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း