ဖားကန့်မြို့နယ်၌ ဈေးရောင်းရန်ပြင်နေသည့်အမျိုးသားကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၂၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဈေးရောင်းရန်ပြင်နေသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့ကသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇူလိုင်လ ၁၈ ရက်)၊ နံနက် ၄ နာရီအချိန်တွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားသည် အဆိုပါရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ဈေးဆိုင်၌ ဈေးရောင်းချရန် ဖွင့်လှစ်ခင်းကျင်းနေစဉ် အကြမ်းဖက်အဖွဲ့အင်အား(၃)ဦးခန့်က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် မှော်ဝမ်းရပ်ကွက်နေ ဦးဇော်သိန်းဦး(၄၂)နှစ်၏ နဖူး၊ နောက်စေ့ နှင့် ငယ်ထိပ်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၄)ချက်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန်ရငွေ လဲလှယ်ဖို့ ပမာဏပြောင်းလဲပေမယ့်လည်း ထူးခြားမှုမရှိဘူးလို့ လုပ်ငန်းရှင်များဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း