ကျောက်ကြီးမြို့၌ ဆိုင်ကယ်ကယ်ရီသမား(၄)ဦးကို KNU/PDF ပူးပေါင်းအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ (၂)ဦးသေဆုံးဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၁၉
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမား(၄)ဦးကို KNU/PDF ပူးပေါင်းအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ(၂)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇူလိုင်လ ၁၆ ရက်)၊ နံနက် ၁၁နာရီ ၂၀မိနစ်အချိန်တွင် ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာအနီး ပေါက်မြောင်းတံတားတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် နေထိုင်သည့် အဆိုပါဆိုင်ကယ်ကယ်ရီသမား(၄)ဦးသည် နတ်သံကွင်းမြို့သို့ ခရီးသည်သွားရောက်ပို့ဆောင်ခဲ့ပြီး နတ်သံကွင်း-ပဲနွယ်ကုန်းလမ်းအတိုင်း ပြန်လာခဲ့ကြောင်းသိရသည်။
ထို့သို့ ပြန်လာစဉ် နောင်ကုန်းကျေးရွာအနီးရှိ ပေါက်မြောင်းတံတားအား ဆိုင်ကယ်ဆင်းတွန်းပြီး ကျော်ဖြတ်နေချိန်၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့က သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ထိုသို့သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်တွင်နေထိုင်သူ ကိုကျော်သက်(၃၂) နှင့် ကိုဖြိုးဝေ(ခ)အောင်ကြီး(၂၂)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ထို့ပြင် ပစ်ခတ်ခံရမှုကြောင့် ကိုကျော်လွင်ဦး(၃၈)နှစ်နှင့် ကိုကျော်ရဲအောင်(၂၆)နှစ်တို့တွင်လည်း ပေါက်ပြဲ၊ ပြက်ရှဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား(၂)ဦးက သေဆုံးသူ(၂)ဦးအား ဆိုင်ကယ်များဖြင့် သယ် ဆောင်ကာ ကျောက်ကြီးမြို့နယ် ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့် ရှေ့သို့ချီပါတီခေါင်းဆောင် လွှတ်တော်ကို နှုတ်ဆက်ထွက်ခွာခဲ့ရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း