အမျိုးသားတစ်ဦး ကြက်သားကြော်နေစဉ် ဒယ်အိုးအတွင်းသို့ မျက်နှာထိုးစိုက်ကာ သေဆုံးမှု ရန်ကုန်မြို့၌ဖြစ်ပွား
NSS - ဇူလိုင် ၁၉
ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့နယ်တွင် အမျိုးသားတစ်ဦး ကြက်သားကြော်နေစဉ် ဒယ်အိုးအတွင်းသို့ ရုတ်တရက် မျက်နှာထိုးစိုက်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ ယမန်နေ့ (ဇူလိုင်လ ၁၈ ရက်)၊ မွန်းလွဲ (၁၂)နာရီဝန်းကျင်အချိန်တွင် ရွှေပေါက္ကံမြို့သစ် (၁၂)ရပ်ကွက်၊ အောင်ရာဇလမ်းမကြီး၊ သံလွင်လမ်းသွယ်၌ ဖြစ်ပွားခဲ့ကြောင်း ထာဝရအလင်းတန်းလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ကို ဖုန်းဆက်တုန်းက အရေးပေါ်လူနာတစ်ယောက်ရှိတယ်လို့ပဲပြောတာပါ။ သူက ကျွန်တော်တို့စိတ်ထင် ကြက်ကြော်နေရင်း ဦးနှောက်သွေးကြောပြတ်သွားပြီး သတိလစ်သွားတဲ့အချိန် အဲဒီဒယ်အိုးထဲကို မျက်နှာမှောက်ကြပြီးတော့ သေဆုံးနေတယ်လို့ ယူဆရပါတယ်”ဟု ထာဝရအလင်းတန်း လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အထက်ပါရပ်ကွက်ရှိ လိုင်းခန်းထဲတွင် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး တွန်းလှည်းဖြင့် ကြက်သားကြော်ရောင်းသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ ရောက်တဲ့အချိန်တော့ ခန္ဓာကိုယ်ကတောင့်တောင်တောင့်နေပြီး နှာခေါင်းနဲ့ နှာခမ်းတွေက တူးသွားတယ်။ တူးသွားတော့ ခွာလို့တောင်မရတော့ဘူး။ မျက်နှာတစ်ခုလုံးလည်း ကျက်သွားတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါ အမျိုးသားသည် အသက် (၄၅)နှစ်ဝန်းကျင်အရွယ်ရှိပြီး မြောက်ဥက္ကလာမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ (၁ ဒသမ ၉) သန်း ရှိလာဟု UNOCHA ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း