ကျောက်ကြီးမြို့နယ်ရှိ ကားလမ်းမပေါ်သို့ Drop Bomb (၁)လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား(၃)ဦးသေဆုံး
စော (NP News) - ဇန်နဝါရီ ၁၅
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-ပဲနွယ်ကုန်း ကားလမ်းပေါ်သို့ Drop Bomb (၁)လုံးကျရောက်မှုကြောင့် လူ(၃)ဦးသေဆုံးကာ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ကျောက်ကြီး-ပဲနွယ်ကုန်း ကားလမ်းသွား ၊ နတ်သံကွင်းကျေးရွာ၏ သံဘောင်ဘေလီတံတားတစ်ခုအား ဇန်နဝါရီလ ၁၃ရက် ၊ ညနေ ၅နာရီခန့်တွင် Drop Bomb (၁)လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ တံတား၏ အရှေ့မြောက်ဘက် ပေ (၂ဝ)ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
ထိုသို့တိုက်ခိုက်ခံရမှုကြောင့် တောင်ယာမှပြန်လာကြသည့် လူ (၃)ဦးသေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုများဆောင်ရွက်ပေးကာ နတ်သံကွင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများဒဏ်ရာရရှိအောင် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်များအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောက်ရွက်နေကြောင်း အသိပေးထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ(၈)ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများပေါ်သို့ PDF များက နံနက်(၅)နာရီခွဲအချိန်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၄)ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
zawgyi version
ေက်ာက္ႀကီးၿမိဳ႕နယ္ရွိ ကားလမ္းမေပၚသို႔ Drop Bomb (၁)လုံး က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အရပ္သား(၃)ဦးေသဆုံး
ေစာ (NP News) - ဇန္နဝါရီ ၁၅
ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ႀကီး-ပဲႏြယ္ကုန္း ကားလမ္းေပၚသို႔ Drop Bomb (၁)လုံးက်ေရာက္မႈေၾကာင့္ လူ(၃)ဦးေသဆုံးကာ (၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ေက်ာက္ႀကီး-ပဲႏြယ္ကုန္း ကားလမ္းသြား ၊ နတ္သံကြင္းေက်း႐ြာ၏ သံေဘာင္ေဘလီတံတားတစ္ခုအား ဇန္နဝါရီလ ၁၃ရက္ ၊ ညေန ၅နာရီခန႔္တြင္ Drop Bomb (၁)လုံး ပစ္ခ်တိုက္ခိုက္ခဲ့ရာ တံတား၏ အေရွ႕ေျမာက္ဘက္ ေပ (၂ဝ)ခန႔္အကြာတြင္ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။ ထိုသို႔တိုက္ခိုက္ခံရမႈေၾကာင့္ ေတာင္ယာမွျပန္လာၾကသည့္ လူ (၃)ဦးေသဆုံးခဲ့ၿပီး (၄)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ အဆိုပါျဖစ္စဥ္မွ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေဆးဝါးကုသမႈမ်ားေဆာင္႐ြက္ေပးကာ နတ္သံကြင္းတိုက္နယ္ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ ထိုကဲ့သို႔ အျပစ္မဲ့ျပည္သူမ်ားဒဏ္ရာရရွိေအာင္ Drop Bomb ပစ္ခ်တိုက္ခိုက္ခဲ့သည့္ အၾကမ္းဖက္မ်ားအား တရားဥပေဒႏွင့္အညီ အေရးယူႏိုင္ရန္ ေဆာက္႐ြက္ေနေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ(၈)ရက္ကလည္း ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားေပၚသို႔ PDF မ်ားက နံနက္(၅)နာရီခြဲအခ်ိန္မွစ၍ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား၊ Drop Bomb မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့မႈေၾကာင့္ အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳးသမီး(၄)ဦးတို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟစ်တလာ မွေးဖွားရာ အဆောက်အအုံကို ရဲစခန်းအဖြစ် ပြောင်းလဲရေး စရိတ်ကြီးမြင့်မှုကြောင့် အခက်တွေ့နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း