ကလေးဝမြို့နယ်အတွင်း PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပြီးနောက် စာသင်ကျောင်းနှင့် လူနေအိမ်အလုံး(၇၀)နီးပါး မီးလောင်ပျက်စီး
NSS - ဇူလိုင် ၁၇
ကလေးဝမြို့နယ်အတွင်း PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပြီးနောက် စာသင်ကျောင်းနှင့် လူနေအိမ်အလုံး(၇၀)နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ဇူလိုင်လ(၁၆)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက်၊ နံနက်(၆)နာရီ မိနစ်(၄၀)အချိန်ခန့် နှင့် နံနက်(၁၁)နာရီအချိန်ခန့်တို့တွင် ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အင်အားအလုံးအရင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးစဥ် အကြမ်းဖက်များသည် ကျေးရွာအတွင်းရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်များ၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် လူနေအိမ်(၆၅)လုံးနှင့် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တို့ မီးလောင်ပျက်စီးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာတွင်နေထိုင်သူ ဒေသခံတစ်ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များတွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဇာနည်နေ့မှ စတင်ကာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သုံးရက်တိုင်တိုင် အခမဲ့ဖွင့်လှစ်ပြသမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း