မန္တလေးဆေးတက္ကသိုလ်၏ ဌာနမှူးအား ရဲဒင်းဖြင့် ခုတ်ကာ လက်ဝတ်ရတနာများ လုယက်မှု ချမ်းအေးသာစံမြို့နယ်၌ ဖြစ်ပွား
NSS - ဇူလိုင် ၁၅
မန္တလေးဆေးတက္ကသိုလ်၏ ဌာနမှူးအား ရဲဒင်းဖြင့် ခုတ်ကာ လက်ဝတ်ရတနာများ လုယက်မှု မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၅ ရက်) ၊ နံနက် ၆ နာရီအချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ (၆၃) A လမ်း၊ ၂၇x၂၈ လမ်းကြားရှိ နေအိမ်တစ်လုံး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက အသိပေးပြောဆိုထားသည်။
မန္တလေးဆေးတက္ကသိုလ်၊ ရောဂါဗေဒဌာနမှူးဖြစ်သူ ဒေါ်စန်းစန်းလှိုင်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ်အချိန်တွင် လူငယ်တစ်ဦးက ကော်သေနတ်အတုဖြင့် နေအိမ်ထဲသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာခဲ့ပြီးနောက် လူငယ်ဖြစ်သူသည် ဌာနမှူးဒေါ်စန်းစန်းလှိုင်၏ ဦးခေါင်းအား ရဲဒင်းဖြင့် (၂)ချက်ခန့် ခုတ်ကာ ၎င်း၏ ခန္ဓာကိုယ်၌ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ရဲဒင်းဖြင့် အခုတ်ခံရမှုကြောင့် ဒေါ်စန်းစန်းလှိုင်သည် ဦးခေါင်း၌ ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကာ လက်ရှိတွင် မန္တလေးပြည်သူ့ဆေးရုံ၊ အရေးပေါ်ဌာန၌ ဆေးကုသမှုခံလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီကနေ့(ဇူလိုင်-၁၅)အတွင်း ပြည်တွင်း၊ပြည်ပ ထူးခြားသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း