သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် ယင်းမာပင်ခရိုင်ပညာရေးမှူး ပွဲချင်းပြီးသေဆုံး
NSS - ဇူလိုင် ၁၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ပညာရေးမှူးအား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ(၁၂)ရက်နေ့တွင် မုံရွာမြို့၊ အမ်းရွာတွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
ယင်းမာပင်ခရိုင်ပညာရေးမှူး ဒေါ်သီတာချိုသည် အ-ထ-က(၃)ကျောင်းမှ ၎င်းနေထိုင်သည့် အမ်းရွာရှိ နေအိမ်သို့ ပြန်လာစဉ် နေအိမ်တံခါးဝအရောက်၌ PDF များက သေနတ်ဖြင့်(၂)ချက်ခန့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်သီတာချိုသည် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း အထက်ပါ ဒေသခံသတင်းအရင်းအမြစ်များက ဆိုထားသည်။
“ဘယ်လိုဖြစ်တာလဲတော့ သေချာမသိပါဘူး။ ဆုံးသွားတာကတော့ ဟုတ်ပါတယ်” ဟု သေဆုံးသူနှင့် နီးစပ်သည့် ပညာရေးမှူးတစ်ဦးကလည်း NP News ကို အတည်ပြုပြောဆိုထားသည်။
ဒေါ်သီတာချိုသည် ယင်းမာပင်တွင် တာဝန်ကျနေသူဖြစ်သော်လည်း လက်ရှိတွင် လမ်းခရီးအခက်အခဲများကြောင့် အမ်းရွာရှိ ၎င်း၏နေအိမ်တွင် ခေတ္တနေထိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ စ၍ ယခုနှစ် ဇူလိုင်လအထိ NUG နှင့် PDF များအနေဖြင့် ဆရာ/ဆရာမဦးရေ (၈၀)ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယက လကမ္ဘာမစ်ရှင် လုပ်ဆောင်ရန်အတွက် အာကာသဒုံးပျံယာဉ်အောင်မြင်စွာလွှတ်တင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း