City Taxi များတွင် ဘေးစတေကာ ပုံစံသစ်မပြောင်းပါက ကန့်သတ်နေရာများဝင်ခွင့်မရှိဟုဆို
NSS - ဇူလိုင် ၁၅
ဘေးနံပါတ်စတေကာပုံစံသစ်များ ပြောင်းလဲတပ်ဆင်ခြင်းမရှိသည့် စီးတီးတက္ကစီများကို ကန့်သတ်ဧရိယာများအတွင်းဝင်ရောက်ခွင့်မပြုကြောင်း ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှသိရသည်။
ဘေးနံပါတ်စတေကာပုံစံသစ်များ ပြောင်းလဲတပ်ဆင်ခြင်းမရှိသည့် စီးတီးတက္ကစီများကို လုံခြုံရေးအရ ကန့်သတ်ဧရိယာများအတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း နှင့် မှတ်ပုံတင်ရန်ကျန်ရှိနေသော City Taxi များအမြန်လာရောက်မှတ်ပုံတင်ရန် လိုအပ်ကြောင်းသိရသည်။
ဘေးစတေကာပုံစံသစ်မပြောင်းသေးသည့် တက္ကစီယာဉ်တွေများအား တင်ထွက်သွားလာခွင့်မပြုရန် လုံခြုံရေးအရ ကန့်သတ်ထားသည့်နယ်မြေများတွင် လေဆိပ် ၊ အဝေးပြေးယာဉ်ရပ်နားဝင်းများ ပါဝင်ကြောင်း YRTC မှ သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်အစီးရေ ခြောက်သောင်း ကျော်အနက် အစီးရေ သုံးသောင်းကျော်သာ လာရောက်မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များကို စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်သည့် City Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များကို မြို့နယ်အလိုက် သတ်မှတ်သင်္ကေတ နံပါတ်များဖြင့် ပြောင်းလဲတပ်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ရေတွင်းတံတားအနီး ဥက္ကလာပလမ်းမပေါ်၌ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း