ညောင်ရွှေမြို့နယ်၌ ကာယဆရာနှင့်ဇနီးဖြစ်သူတို့ကို PDF အဖွဲ့က ဓား၊ ကျောက်ခဲတို့အသုံးပြုကာ သတ်ဖြတ်
NSS - ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် ကာယဆရာနှင့်၎င်း၏ဇနီးဖြစ်သူကို PDF အဖွဲ့က ဓား၊ ကျောက်ခဲ့တို့ကို အသုံးပြုကာ ခုတ်ထုသတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော(ဇူလိုင်လ ၁၂ ရက်) ည ၉နာရီအချိန်တွင် ညောင်ရွှေမြို့နယ်၊ ရေတွင်းကြီးကျေးရွာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်ထိုင်သော အလက(ရေတွင်းကြီး)မှ ကာယဆရာသည် ဇနီးဖြစ်သူနှင့်အတူ ၎င်းတို့၏အိမ်၌ရှိနေစဉ် PDF အဖွဲ့က ရောက်ရှိလာပြီး ဓားဖြင့် ခုတ်၊ ကျောက်ခဲများဖြင့်ထုရိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောဆိုထားသည်။
ထိုသို့ ဓားဖြင့်ခုတ်၊ ကျောက်ခဲများဖြင့်ထုရိုက်သတ်ဖြတ်မှုကြောင့် ကာယဆရာဦးခင်မောင်လတ်(၅၄)နှစ်နှင့် ဒေါ်နန်းဟုန်(၃၇)နှစ်တို့တွင် ပြက်ရှ၊ ပေါက်ပြဲ၊ ဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်လက်ရှိသော ပရိပက္ခများကြောင့် ကျောင်းဆရာ/ဆရာမ (၈၀)ဦး အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံအတွင်း၌ မိုဘိုင်းလ် ဘဏ်လုပ်ငန်း၊ Pay များ၏ လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးသည် ကျပ်ဘီလျံသောင်းချီရှိပြီး နေပြည်တော်ကို Digital City အဖြစ် မြှင့်တင်မည်ဟု ဗဟိုဘဏ်ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း