၂၀၂၃ ခုနှစ် ပထမ (၆)လအတွင်း အမြန်လမ်းပေါ်တွင် စည်းကမ်းဖောက်ဖျက်သည့်ယာဉ် ၇၅၀၀ ကျော်အရေးယူထား
NSS - ဇူလိုင် ၁၁
၂၀၂၃ ခုနှစ် ပထမ (၆)လအတွင်း အမြန်လမ်းပေါ်၌ စည်းကမ်းမလိုက်နာသော ယာဉ်အစီးရေ ၇,၅၄၈ စီးကို အရေးယူထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။
ဇန်နဝါရီလမှ မေလကုန်အထိ အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်ထက်ကျော်လွန်မောင်းနှင်ခြင်း ကြောင့် တရားစွဲဆိုအရေးယူခဲ့သည့် ယာဉ်အစီးရေပေါင်း ၆၅၂၀ ကျော်ရှိခဲ့ပြီး ဇွန်လအတွင်း၌လည်း အရှိန်လွန် မောင်းနှင်မှုအပြင် အသက်ကယ်ခါးပတ်မပတ်ဘဲ စီးနင်းမှုကိုပါ လိုက်လံ စစ်ဆေးခဲ့ရာ အမှုတွဲပေါင်း ၁၀၂၈ မှုဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
အမြန်လမ်းတစ်လျှောက် မော်တော်ယာဉ်များသတ်မှတ် အရှိန်ထက်ကျော် လွန်မောင်းနှင်းမှု မရှိစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်အတွက် မော်တော်ယာဉ်အရှိန်တိုင်းတာသည့် စက်များတပ်ဆင်ထားပြီး စစ်ဆေးဆောင်ရွက်နေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အမြန်လမ်းမကြီးတွင် ယာဉ်များအတွက် အရှိန်နှုန်းသတ်မှတ်ချက်အရ ကိုယ်ပိုင်အိမ်စီးကားဖြစ်ပါက တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အတွင်း၌သာ မောင်းနှင်းရမည်ဖြစ်ပြီး ခရီးသည်တင် Express ယာဉ်များဖြစ်ပါက တစ်နာရီလျှင် ၉၀ ကီလိုမီတာအတွင်း၌သာမောင်းရန်နှင့် လုပ်ငန်းသုံး လိုက်ထရပ် ၊ ဟိုက်ဂျက်၊ ကုန်တင်ယာဉ် စသည့် ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၆၀ အတွင်း မောင်းနှင်ရန် အမျိုးသားယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက သတ်မှတ်ထားသည် ။
အရှိန်သတ်မှတ်ချက်များကို ကျွမ်းကျင်ပညာရှင်များက တွက်ချက်ပြီး ညွှန်ကြားသတ်မှတ်ထားခြင်းဖြစ်ကာ အဆိုပါအရှိန်နှုန်းအတိုင်းမောင်းနှင်ပါက အန္တရာယ်ကင်းနိုင်ပြီး အသက်ကယ်နိုင်ရန်နှင့် ထိခိုက်ဒဏ်ရာရရှိမှုနည်းပါးစေရန် ယာဉ်မောင်းစဉ် ခါးပတ်ပတ်ထားကြရန်လည်း တိုက်တွန်းကြောင်းထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိ (၁၀)လတာကာလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း (၁၅၁)မှုထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း၂၃၂ ဦးထိရှိကာ သေဆုံးသူ ၅၁ ဦးထိရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ စာရင်းများအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပထမနှစ်သင်တန်းအတွက် ကျောင်းသား(၃၀၀)ခေါ်ယူသွားမည်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း