Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးနှင့် မြို့နယ်လဝကရုံး မီးရှို့ဖျက်ဆီးခံရ

စော (NP News) - ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးနှင့် မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ ဇန်နဝါရီလ ၉ရက်၊ နေ့လည်၂နာရီ အချိန်တွင် PDF အမည်ခံအကြမ်းဖက် (၆)ဦးခန့်က ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် မြို့နယ်သစ်တောဦးစီးဌာနရုံး၏ သွပ်မိုး၊ အုတ်ကာ တစ်ထပ်တိုက်အဆောက်အဦးတစ်လုံး နှင့် ဦးစီးမှူး၏ နေအိမ်အဆောက်အဦးတစ်လုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းကာ မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ အလားတူ ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကိုလည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ လူအင်အား(၁ဝ)ဦးခန့်က ည ၉ နာရီအချိန်တွင် မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာကာ ထပ်မံ မီးရှို့ဖျက်ဆီးသွားခဲ့ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် မီးငြှိမ်းသတ်ရာတွင် ည ၁ဝ နာရီ ၅ မိနစ်အချိန်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထိုသို့မီးရှို့ဖျက်ဆီးခံရမှုကြောင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး၏ သွပ်မိုး၊ အုတ်ကာတစ်ထပ်အဆောက်အဦးတစ်လုံး ထပ်မံမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ နိုင်ငံတော်ပိုင် ဌာနဆိုင်ရာရုံးအဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်း ဖက်သမားများကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။


zawgyi version


စော (NP News) -ဇန်နဝါရီ ၁၁







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားရဲ့ရန်စမှုကို အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ သုံးနိုင်ငံ ပူးပေါင်း တုံ့ပြန်မယ်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved