ရန်ကုန်မြို့ပတ်ရထား ခရီးစဥ်များကို တွဲဆိုင်း (၆)ဆိုင်းဖြင့် ပြေးဆွဲနေပြီး နေ့စဥ်ခရီးသည်(၆၀၀၀)ခန့် လိုက်ပါစီးနင်းနေ
ယွန်း (NSS) - ဇူလိုင် ၁၁
ရန်ကုန်မြို့ပတ်ရထား ခရီးစဥ်များကို တွဲဆိုင်း(၆)ဆိုင်းဖြင့် ပြေးဆွဲပေးနေကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
ရန်ကုန်မြို့ပတ်ရထားအား လက်ရှိတွင် ခေါက်ရေ(၃၅)ခေါက်ဖြင့် ပြေးဆွဲနေပြီး နေ့စဥ်ခရီးသည် (၆၀၀၀)ခန့် လိုက်ပါစီးနင်းလျက်ရှိကြောင်း သိရသည်။
“ရန်ကုန်မြို့ပတ်ရထားတွဲဆိုင်းက (၆)ဆိုင်းပေါ့။ လက်ရှိပြေးဆွဲနေတာက ခေါက်ရေ (၃၅)ခေါက်။ ခရီး သည်က တစ်နေ့ကို(၆၀၀၀)လောက်ရှိတယ်။ (၁၅)မိုင်အတွင်းကို (၂၀၀)ကျပ်၊ (၁၅)မိုင်အထက်ကို (၃၀၀)ကျပ် ကောက်တယ်။ ရန်ကုန်မြို့ပတ်ဘူတာ (၃၈)ဘူတာကို ပြေးဆွဲပေးနေပါတယ်”ဟု ရန်ကုန်ဘူတာကြီးမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တွင် ခရီးမိုင် (၂၉ ဒသမ ၅) မိုင်ရှိပြီး ရထားသံလမ်း အရှည် (၅၉) မိုင် ရှိကြောင်း သိရသည်။
မြို့ပတ်ရထားခရီးစဉ်တစ်လျှောက်တွင် ဘူတာကြီး အပါအဝင် မြို့ပတ်ဘူတာရုံပေါင်း (၃၈)ရုံရှိပြီး COVID-19 ရောဂါ မဖြစ်ပွားမီက အဆိုပါ မြို့ပတ်လမ်းကြောင်းတွင် ရထားကြီးတွဲဆိုင်း (၁၅) ဆိုင်း၊ RBD (၁၀) ဆိုင်း၊ စုစုပေါင်းအဆိုင်း (၂၅) ဆိုင်း ပြေးဆွဲခဲ့ကြောင်း သိရသည်။
ကိုဗစ်မဖြစ်ပွားမီက ရန်ကုန်မြို့ပတ်ရထားလမ်းအား အဆိုပါတွဲဆိုင်း(၂၅)ဆိုင်းဖြင့် နေ့စဥ်ခေါက်ရေ (၂၂၁) ခေါက်ကို နံနက် (၅) နာရီမှ ည (၁၁) နာရီအထိ ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
ယခင်က နေ့စဥ် ခရီးသည်ဦးရေ (၉)သောင်းအထက် လိုက်ပါစီးနင်းခဲ့သော်လည်း ကိုဗစ်(၁၉)ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် ရထားစီးနင်းသည့် ခရီးသည်ဦးရေ သိသိသာသာလျော့နည်းခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ Diesel Electric Multiple Unit(DEMU) ရထားများ ရောက်ရှိပြေးဆွဲမည်ဖြစ်ပြီး အဆိုပါကာလများတွင် လမ်းပိုင်းအတွင်း အမြန်နှုန်းကီလိုမီတာ တိုးမြှင့်ပြေးဆွဲရန် စီစဥ်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီးက ပြီးခဲ့သည့်ဇွန်လတွင် ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်၌ မီတာကြွေးကျန်(၄)လအထက်ရှိသည့် မီတာများကိုလာမည့် စက်တင်ဘာလတွင် ဖြုတ်သိမ်းမည်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း