ကျောက်ကြီးမြို့နယ်တွင် ကွန်ကရစ်တံတားတစ်စင်းကို KNU နှင့် PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ကွန်ကရစ်အမျိုးအစား ရေပြွန်ပေါက်တံတား တစ်စင်းကို KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၇ ရက်)၊ နံနက် ၆ နာရီခွဲအချိန်တွင် ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေး ရွာအနီး၊ ကျောက်ကြီး-နတ်သံကွင်းကားလမ်း မိုင်တိုင်အမှတ် ၁၅ မိုင်၊ ၄ ဖာလုံရှိတံတား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတံတားသည် ကွန်ကရစ်အမျိုးအစား ရေပြွန်ပေါက်တံတားဖြစ်ပြီး KNU နှင့် PDFပူးပေါင်းအဖွဲ့တို့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလျား ၁၅ ပေ၊အနံ ၁၅ ပေခန့်ရှိ တံတားအမှတ်(၂/၁၆)မှာ ထက်ပိုင်းကျိုးကျပျက်စီးသွားခဲ့ပြီး လက်ရှိအချိန်ထိ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရရှိသေးကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အဆိုပါတံတားကို မိုင်းထောင်ဖောက်ခွဲခဲ့သော အကြမ်းဖက်သမားများအား ဖမ်းဆီး အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် ပျက်စီးသွားခဲ့သော တံတားအမှတ်(၂/၁၆)ကို ပြန်လည်ပြုပြင်နိုင်ရေးလုပ်ငန်းများ လုပ် ဆောင်လျက်ရှိကြောင်းလည်း ထပ်မံသိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပမှ ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း