Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်ရှိ တံတားတစ်စင်းကို PDF ပူးပေါင်းအဖွဲ့ မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် ဘုရားဖူးအသွားအလာများ ရပ်တန့်နေ

NSS - ဇူလိုင် ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်ရှိ တံတားတစ်စင်းကို PDF ပူးပေါင်းအဖွဲ့ မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် ဘုရားဖူးအသွားအလာများ ရပ်တန့်နေကြောင်း သတင်းရရှိသည်။

PDF ပူးပေါင်းအဖွဲ့သည် ယမန်နေ့(ဇူလိုင် ၆ ရက်) ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ကျိုက်ထီးရိုးဘုရားတောင်တက် လမ်းပေါ် တံတားတစ်စင်းကို မိုင်းထောင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက NP News ကို အတည်ပြုပြောထားသည်။

"မနေ့က ညနေ ၃ နာရီ ၂ဝ လောက်မှာ မိုင်းနဲ့ခွဲပြီး ဖျက်ဆီးလိုက်တာ။ ကျိုက်ထီးရိုးတောင်ပေါ်တက်လို့ရှိရင် ၁ဝ မိနစ်နားပြီး ကားတွေ ခဏစောင့်ပြီး နားတဲ့စခန်းရှိတယ်လေ။ အဒီအပေါ်ဘက်နားမှာရှိတဲ့ ရေဖြတ်တံတားလေး ပေါ့။ အဲဒီတံတားလေးကို ခွဲပစ်လိုက်တာ။ သွားလို့တော့ မရတော့ဘူးလေ။ ကျွံကျသွားတာပေါ့" ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထိုသို့ တံတားမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ဘုရားဖူးပြည်သူ (၂ဝ)ခန့်သည် တောင်ပေါ်၌ ပိတ်မိနေခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကျိုက်ထီးရိုးဘုရားသို့ နေ့စဥ် ဘုရားဖူးဦးရေမှာ ၂ဝဝ နီးပါးခန့် လာရောက်လျက်ရှိပြီး တောင်ကားအစီးရေ ၁ဝ စီးထက်မနည်းဖြင့် ပို့ဆောင်ပေးနေရလျက်ရှိ ကြောင်း သိရသည်။

"နည်းနည်းတော့ အခက်အခဲဖြစ်သွားတာပေါ့။ နေ့စဥ်ဘုရားဖူးရှိနေတယ်။ နေ့စဥ်ဘုရားဖူးက ကား ၁ဝ စီး၊ ၁၅ စီး တက်တာရှိတော့ လူကလည်း ၁ဝဝ၊ ၂ဝဝ နေ့စဥ်ရှိတာပေါ့။ အဲဒီအချိန်က ဆင်းတဲ့အချိန်ဆိုတော့ အပေါ်မှာ လူတော့ သိပ်မကျန်တော့ဘူး။ ဒါပေမယ့် ၂ဝ လောက်ရှိနေတယ် ပြောတယ်။ အဲဒီလူတွေက ကျန်ခဲ့တော့ ဒီနေ့ အပေါ်က ကားလည်း ဆင်းလာ၊ အောက်ကလည်း သွားကြိုပေးမယ်ပေါ့" ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ က ဆိုသည်။


လက်ရှိတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်တံတားအား ဘေလီတံတားဖြင့် ပြန်လည်ပြင်ဆင်နေကာ ကျိုက်ထီးရိုးဘုရား ဂေါပက အဖွဲ့၏ ပိုက်ဆံဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

"လောလောဆယ်တော့ ဘေလီနဲ့ပဲ ပြန်လုပ်မှာပေါ့။ လာမယ့် ဘုရားဖူးတွေကတော့ ခဏတော့ စောင့်ရမှာပေါ့။ ဒီတံတားပြီးမှပဲ တက်လို့ရမှာပေါ့။ ဘရားဖူးက အမြဲရှိတယ်။ ထိုင်းနိုင်ငံသားတွေက အမြဲလာတယ်။ ဒါတွေက မဖြစ်သင့်တဲ့နေရာတွေကိုလုပ်နေတာဆိုတော့ ဘုရားဖူးတွေအတွက် အဆင်မပြေသလို၊ အရောင်းအဝယ် လုပ်နေ တဲ့သူတွေ၊ ကားအသင်းတွေကို အခက်အခဲဖြစ်စေတာပဲ။ ဒါတွေက ဘယ်လိုမှ မလုပ်သင်တဲ့နေရာ"ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် လက်ရှိအချိန်တွင် ဘုရားဖူးအသွားအလာများ ရပ်တန့်နေလျက်ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Sim Registration ဆိုင်ရာ ညွှန်ကြားချက်များကို မလိုက်နာသည့်အတွက် အော်ပရေတာ (၄)ခုကို အမေရိကန် ဒေါ်လာ (၁)သိန်းစီ ဒဏ်ငွေချမှတ်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved