မင်းလှမြို့နယ်၌ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်းမှူးတို့ သေနတ်ဖြင့်ပစ်သတ်ခံရ
NSS - ဇူလိုင် ၃
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၌ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ မင်းလှမြို့နယ်၊ ဂိတ်ဒိတ်ကုန်းကျေးရွာ လမ်းထိပ်၌ ဇွန်လ ၃ဝ ရက်၊ နံနက် ၁ဝ နာရီအချိန်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူ အမျိုးသား(၂)ဦးသည် ၎င်းတို့၏နေအိမ်အသီးသီးမှ ပြည်မြို့သို့ ရန်ကုန်-ပြည်ကားလမ်းအတိုင်း ဆိုင်ကယ်ကိုယ်စီဖြင့်သွားရောက်စဉ် အကြမ်းဖက် အမျိုးသား(၂)ဦးမှ ဆိုင်ကယ်(၁)စီးဖြင့် နောက်မှလိုက်လာကာ အခင်းဖြစ်ပွားရာနေရာ၌ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ခွက်မကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှမြင့် နှင့် ဇရစ်မြောင်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဌေးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကချင်ပြည်နယ်အတွင်း လုံခြုံရေးအရ မြေပြင်စာရင်းကောက်ယူရန် အိမ်ထောင်စု(၇)သောင်းနီးပါး ကျန်ရှိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း