စစ်တွေမြို့၌ ရေနစ်ပျောက်ဆုံးနေသည့် သင်္ဘောသား(၃)ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိ
စော (NP News) - ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဈေးဝယ်ပြီး အပြန်၌ ရေနစ်သေဆုံးသွားသည့် သင်္ဘောသား(၃)ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသွားသူများသည် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပစ္စည်းများလာပို့သည့် အင်ဗွီရာဇာမင်းသင်္ဘောမှ သင်္ဘောသားများဖြစ်ကြပြီး ပြီးခဲ့သည့်(ဇွန်လ ၂၈ ရက်)၊ ညနေ(၅)နာရီတွင် ဈေးဝယ်ပြီးအပြန်၌ ရေနစ်သေဆုံးသွားဖြစ်ကြောင်း သိရသည်။
“အလောင်းတွေကို ရှာတွေ့တာနဲ့ စစ်တွေဆေးရုံ ရင်ခွဲရုံကိုပို့လိုက်တာပါ။ အခုတော့ သဂြိုလ်ပြီးပြီးလားတောင် မသိပါဘူး။ မိသားစုတွေလာ သဂြိုလ်ကြတယ်ထင်တယ်”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ တာဝန်ရှိတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ အလောင်း(၃)လောင်းလုံးအနက် ဦးချစ်မင်းပိုင်(၂၉)နှစ်အား ယနေ့(ဇူလိုင်လ ၁ ရက်)၊ မွန်းလွဲ(၁၁)နာရီအချိန်တွင် သင်္ဘော၏ ပန်ကာအောက်၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းထံမှ သိရသည်။
ထို့ပြင် ရေနစ်သေဆုံးသွားသည့် ဦးဆက်ပိုင်ဦး (၃ဝ)နှစ်ကို ငါးဖမ်းပိုက်အတွင်း ပြီးခဲ့သည့် (ဇွန်လ ၃ဝ)ရက်၊ နံနက်(၉)နာရီဝန်းကျင်အချိန်၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
အလားတူ ဦးသန့်ဇင်(၂၆)နှစ်အား အဆိုပါနေ့ ညနေ(၃)နာရီဝန်းကျင်အချိန်၌ ရေအောက်ချိုင့်ခွက်များအတွင်း ရှာဖွေ့တွေ့ရှိခဲ့ကြောင်း ရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ ဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၁ ရက်အတွင်း ပြည်တွင်းနှင့် ပြည်ပမှ ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း