ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး မိုင်တိုင်နှင့် Guardrail တန်းအားတိုက်မိခဲ့ရာ (၂)ဦးသေဆုံး
စော (NSS) - ဇူလိုင် ၁
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး နောက်ဘီးပေါက်ပြီး မိုင်တိုင်နှင့် Guardrail တန်းအားဝင်တိုက်မိကာ (၂)ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁ ရက်)၊ မွန်းလွဲ(၂)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂ဝ/၇)၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံရှင်ကူအသင်းထံမှ သိရသည်။
အဆိုပါအိမ်စီးကားသည် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသည့် ATRAI WAGON အမျိုးအစားဖြစ်ကြောင်း သိရသည်။
“နောက်ဘီးပွင့်သွားတယ်ပြောတယ်။ နောက်ဘီးပွင့်ပြီး မှတ်တိုင်ကိုဝင်တိုက်ပြီးတော့မှ Guardrail တန်းကိုဝင်တိုက်တယ်ပြောတယ်။ အဲဒီတန်းကို တိုက်ပြီးမှ ကားကရပ်သွားတာပါ”ဟု ရင်ခုန်သံရှင်ကူအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ယာဥ်ပေါ်တွင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၅)ဦးလိုက်ပါလာကြောင်း သိရပြီး ဖြစ်စဥ်ကြောင့် (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ဦးခင်မောင်ကျော်သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏သမီးဖြစ်သူ စုရတီလင်းသည် ဆေးရုံပို့ဆောင်ရန် အသွားတွင် သေဆုံးခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကောက်ပဲသီးနှံများနှင့်ပတ်သက်၍ အလေးချိန်တွယ်စနစ်ကို တစ်မျိုးထဲသာ သတ်မှတ်ပေးသင့်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း